Print

အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း

  27-Feb-2017
Preview Image

အသက်ရှူလမ်းကြောင်း လုံးဝပိတ်သူ၏ လက္ခဏာများမှာ -

၁။ အသက်မရှူနိုင်၊ ချောင်းဆိုးပြီး ရင်ကျပ်သံကြား
၂။ မိမိလည်ပင်းကို လက်ဖြင့်ကိုင်မည်
၃။ ပါးစပ်နှင့် လက်သည်းများတစ်ဝိုက် ဖြူ (သို့) ပြာနှမ်းလာခြင်းများသည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု၏ လက္ခဏာဖြစ်သည်။

 

ဤသို့ လက္ခဏာရပ်များ တွေ့ရလျှင် ပြုစုကာကုသနည်း -

(၁) အကယ်၍ လူနာသည် ချောင်းဆိုးနေပါက ဆက်လက်၍ ချောင်းဆိုးခိုင်းပါ။
(၂) အကယ်၍ ချောင်းမဆိုးနိုင်ပါက အသက်လမ်းကြောင်း ပိတ်ဆို့မှုကို ဖယ်ရှားရန် နည်းနှစ်မျိုးရှိသည့်အနက် Heimlich Manoeuver ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။

 

လူနာ၏နောက်မှာ သင်က မတ်တပ်ရပ်ပြီး သူ၏ခန္ဓာကို သင်၏လက်နှစ်ဖက်နှင့် အနောက်မှ ထွေးပိုက်လိုက်ပါ။ သူ၏ချက်အပေါ် လက်နှစ်လုံးခန့်တွင် သင်၏ လက်သီးဆုပ်တစ်ခုကို တင်လိုက်ပါ။ လူနာကို ရှေ့သို့ ကုန်းလိုက်စေပြီး သင်၏ကျန်လက်တစ်ဖက်ဖြင့် ပထမ လက်သီးဆုပ်ကို ခိုင်မြဲစွာ ဆုပ်ထားလိုက်ပါ။ ဤလက်သီးဆုပ်များနှင့် လူနာ၏ ဝမ်းဗိုက်တွင်းကို အတွင်းဘက်နှင့် အပေါ်ဘက်သို့ ရုတ်တရက် ဖိအားများ ထပ်ခါတလဲလဲ ပေးလိုက်ပါလျှင် (Abdominal Thrust) အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေသည့် အရာဝတ္ထုသည် ပါးစပ်မှ အပြင်သို့ ပြန်ထွက်လာနိုင်သည်။ 

 

အကယ်၍ အသက်ရှူလမ်းကြောင်း ပိတ်ဆို့သူသည် မိမိဘေး၌ မည်သူမျှ ကူညီမည့်သူ မရှိလျှင်လည်း မိမိ၏ချက်အပေါ် လက်နှစ်လုံးလောက်နေရာတွင် လက်သီးဆုပ်တင်၍ ကျန်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ အပေါ်သို့ ဖိအားများ ထပ်ခါတလဲလဲပေးခြင်းဖြင့် အရာဝတ္ထုကို အပြင်သို့ ထုတ်ပစ်နိုင်ပါသည်။ ဤနည်းသည် ဝမ်းဗိုက်အတွင်းရှိ အင်္ဂါများကို ဆုတ်ပြဲစေနိုင်သဖြင့် ဂရုစိုက်၍ ဆောင်ရွက်ပါ။ နောက်တစ်နည်းမှာ ထိုင်ခုံနောက်မှီတန်းပေါ်ကို ဗိုက်အထက်ပိုင်းကိုဖိ၍ ကွေးချလိုက်ပါ။

 

နောက်တစ်နည်းကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ဝသောလူနာများကိုဝမ်းဗိုက်အစား ရင်ခေါင်းအောက်ပိုင်း (Chest Thrust) ကို ရုတ်တရက် ဖိနှိပ်ပြီး ပိတ်ဆို့နေသည့် အရာဝတ္ထုကို ဖယ်ရှားနည်းဖြစ်သည်။ အသက်ကယ်သူသည် လူနာ၏ အနောက်တွင်ရပ်လျက် မိမိလက်နှစ်ဖက်ဖြင့် လူနာကို ဖက်လိုက်ပါ။ လူနာ၏ အနောက်တွင် ရပ်လျက် မိမိလက်နှစ်ဖက်ဖြင့် လူနာကို ဖက်လိုက်ပါ။ လူနာ၏ ရင်ညွှန့်အလယ်တွင် လက်သီးဆုပ်တစ်ဖက်ကို တင်ထားပြီး ကျန်လက်ဖြင့် ဤလက်သီးဆုပ်ကို ခိုင်မြဲစွာဆုပ်ထားစွာ ဆုပ်ထားကာ လျင်မြန်သွက်လက်သော ဖိအားများ ပေးလိုက်ပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေသော အရာဝတ္ထုသည် အပြင်သို့ ထွက်လာနိုင်သည်။ 

 

(၃) အကယ်၍ ဤနည်းအားဖြင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကို မဖယ်ရှားနိုင်ပါက လူနာသည် သတိမေ့မြောသွားမည်ဖြစ်ပါသည်။ ထိုအခြေအနေတွင် လူနာကို ကြမ်းပြင်ပေါ်၌ ပက်လက်ချပြီး အရေးပေါ်လူနာတင်ယာဉ်ကိုခေါ်ရန် ပတ်ဝန်းကျင်ကို အကူအညီ တောင်းလိုက်ပါ။ အကူအညီ စောင့်နေချိန်တွင် လူနာ၏ ပါးစပ်ထဲတွင် အရာဝတ္ထုရှိ မရှိ ကြည့်ပြီးသည့်နောက် တွေ့ရှိပါက သင်၏လက်ညိုးဖြင့် ဤအရာဝတ္ထုကို အပြင်သို့ ချိတ်ယူလိုက်ပါ (Finger Sweep)။ လူနာ၏မေးကို အပေါ်သို့ မတင်ပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေရန် လျှာကို ဆွဲထုတ်ပါ။ ပိတ်ဆို့နေသော ပြင်ပအရာဝတ္ထုကို ထွက်သွားရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ 

 

လူနာအား ကြမ်းပြင် (သို့) အောက်ခံအမာတွင် ပက်လက်လှဲထားပါ။ လူနာ၏ဘေးတွင် အသက်ကယ်ဆယ်သူမှာ ဒူးထောက်လျက် ရင်ဝပေါ်တွင် လက်ဖဝါးနှစ်ဖက်ကို ထပ်ပြီးတင်၍ လူနာ၏ ဦးခေါင်းဘက်ဆီသို့ ပင့်၍ တွန်းတင်ပါ။ (Abdominal Thrust)။ ထပ်ခါတလဲလဲ ပြုလုပ်ပေးခြင်းဖြင့် ပိတ်ဆို့နေသော အရာဝတ္ထုကို အပြင်သို့ ထုတ်ပစ်နိုင်ပါသည်။ အသက်ရှူမရှူ စိစစ်ပြီး အသက်မရှူပါက လေမှုတ်သွင်းပါ။ အကယ်၍ လူနာ၏ ရင်ခေါင်းသည် လေမှုတ်သွင်းချိန်တွင် ဖောင်းကြွ မလာပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့လျက်ပင် ရှိနေသဖြင့်၊ လူနာ၏ဦးခေါင်းကို တစ်ဖက်သို့ လှည့်၍ ဒုတိယအကြိမ်လည်း လေမှုတ်သွင်းပါ။ 

 

သူ၏ရင်ခေါင်း ဒုတိယအကြိမ်လည်း ကြွမလာပါလျှင် ရင်ဘက်ပေါ်သို့ လက်များတင်၍ ရင်ခေါင်း ဖိနှိပ်ခြင်းကို စ၍ ပြုလုပ်ပေးပါ။ ရင်ခေါင်း (၃၀) ကြိမ် ဖိပြီးတိုင်း လူနာ၏ပါးစပ်ထဲသို့ လေနှစ်ခါ လေမှုတ်သွင်းရမည်။ အကယ်၍ လေမှုတ်သွင်းချိန်တွင် လူနာ၏ ရင်ခေါင်းကြွလာပါက ပိတ်ဆို့သော အရာဝတ္ထု အသက်ရှူလမ်းကြောင်းထဲမှ ကင်းရှင်းသွားပြီဟု သိရှိနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: 
ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး)
အသက်ကယ်ပြုစုနည်း လမ်းညွှန်စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18