Print

ဦးခေါင်းဒဏ်ရာရှိပါက ဖြစ်နိုင်သော အမျိုးအစားများ

  27-Feb-2017
Preview Image

ဦးခေါင်းဒဏ်ရာရှိပါက ဦးခေါင်းရိုး ကျိုးခြင်း၊ ဦးနှောက်တုန်လှုပ်ခြင်းနှင့် ဦးနှောက် ဖိညှပ်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။

 

(၁) ဦးခေါင်းရိုး ကျိုးခြင်း 

ဦးခေါင်းအပေါ်ပိုင်းနှင့် ဘေးပိုင်းများကို တိုက်ရိုက်အရှိန်ကြောင့်လည်းကောင်း ၊ အောက်ခြေပိုင်းကို သွယ်ဝိုက်သော အရှိန်ကြောင့်လည်းကောင်း ဖြစ်တတ်ပါသည်။ (ဥပမာ ထိုင်လျက် ကျခြင်း၊ အောက်မေးရိုးကို ပြင်းထန်စွာ ထိခိုက်မိခြင်း)။

 

(၂) ဦးနှောက်တုန်လှုပ်ခြင်း

သွယ်ဝိုက်သော ထိုးနှက်အားကြောင့် ဦးခေါင်းခွံအတွင်းရှိ ဦးနှောက်အား တုန်လှုပ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ 

 

(၃) ဦးနှောက်ဖိညှပ်ခြင်း

ဦးခေါင်းအတွင်းတွင် သွေးများယိုထွက်မှုကြောင့် သွေးခဲများဖြစ်ပေါ်ပြီး ဦးနှောက် ဖိညှပ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ 

 

လက္ခဏာ
ဦးနှောက်ဒဏ်ရာရရှိပါက နာကျင်မှုဖြစ်ခြင်း၊ ပုံသဏ္ဍာန်ပျက်ခြင်း၊ နား၊ နှာခေါင်း မှ သွေးအရည်ကြည်များ ထွက်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးအိမ် အတွင်း သွေးခြေဥခြင်း၊ သူငယ်အိမ် အရွယ်အစားနှင့် အလင်းရောင် တုန့်ပြန်မှု အပြောင်းအလဲဖြစ်ပေါ်ခြင်း၊ သတိလစ်ခြင်း၊ ပျို့အန်ခြင်း၊ အခြေအနေများကို ပြန်လည် သတိမရခြင်း၊ ခြေလက်အင်္ဂါများ အကြောဆွဲခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ဦးခေါင်းပူခြင်း ၊ အသက်ရှူသံ ဆူညံခြင်း၊ နှေးလာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မျက်နှာအတွင်း သွေးယို၍ နီမြန်းခြင်းနှင့် ကိုယ်တစ်ခြမ်းသေခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။

 

ပြုစုခြင်း
၁။ သတိရှိမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးပါ။
၂။ လူနာ သတိရလျှင် ဦးခေါင်းနှင့် ပခုံးကို မြင့်ထားပေးပါ။
၃။ လူနာ သတိမရလျှင် စိတ်ချရသော ဘေးစောင်း အနေအထား ထားပါ။ 
၄။ အသက်ရှုနှုန်း၊ သွေးခုန်နှုန်းကို မှတ်သားထားပါ။
၅။ လိုအပ်ပါက အသက်ရှူအားကူနည်းဖြင့် ပြုစုပါ။
၆။ နားမှသွေးရည်ကြည်များ ထွက်နေလျှင် ၎င်းဘက်သို့ စောင်းထားပါ။
၇။ ဦးခေါင်းမှ သွေးယိုထွက်လျှင် သွေးတိတ်စေရန် ကရွတ်ခွေခံ၍ ပတ္တီးစည်းပါ။
၈။ လူနာ သတိရသည့်အထိ စောင့်ကြည့်ပါ။
၉။ လူနာ (၃) မိနစ်အထိ သတိလစ်နေလျှင် ပြင်းထန်သောအခြေအနေ မှတ်ပါ။
၁၀။ ဆေးရုံသို့ ပို့ဆောင်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18