Print

ရုတ်တရက် ခွေးကိုက်ခံရရင် ဘာတွေလုပ်ရမလဲ

  27-Feb-2017
Preview Image

ခွေးဟာ လူတွေအတွက် မိတ်ဆွေလို့ ပြောနိုင်ပေမယ့် တိရစ္ဆာန်ဆိုတာ အချိန်မရွေး ကိုက်တတ်ကြပါတယ်။ ခွေးကိုက်ခံရတတ်သူတွေထဲမှာ အသက် ၅ နှစ်ကနေ ၉ နှစ်အရွယ် ကလေးတွေက အများဆုံးလို့ ဆိုပါတယ်။ ခွေးကိုက်ခံရပြီ ဆိုတာနဲ့ ခွေးဟာ ကောင်းသည်၊ ရူးသည် ခွဲမနေနိုင်တော့ပဲ ခွေးရူးရောဂါ မကူးစက်ရအောင် နောက်ဆက်တွဲ ကုသမှုတွေကိုလဲ မဖြစ်မနေ လုပ်ဆောင်ကြရမှာပါ။

 

ကူးစက်ရောဂါ၊ မေးခိုင်ရောဂါ၊ ခွေးရူးပြန်ရောဂါ အစရှိတဲ့ နောက်ဆက်တွဲရောဂါတွေ ဝင်မလာရအောင် သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေနဲ့ ကာကွယ်ကြရမှာကိုလဲ အများစု သိရှိကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် မမျှော်လင့်ပဲ ခွေးကိုက်ခံရရင် ချက်ချင်းလုပ်ဆောင်သင့်တဲ့ ရှေးဦးသူနာပြုနည်းနဲ့ အိမ်တွင်းကုထုံးကို စောနွဲ ့နေဆိုင်-ပူတာအို Page ကနေ တင်ဆက်ပေးလိုက်ပါတယ်။

 

(၁) ခွေးကိုက်ခံလိုက်ရပြီဆိုရင် အကိုက်ခံရတဲ့နေရာကို ချက်ချင်းပဲ ရေ၊ ဆပ်ပြာတို့နဲ့ဆေးကြောရပါမယ်။ ခွေးရဲ့တံတွေး၊ သွားရည်တွေ ပြောင်စင် သွားဖို့အတွက် ၅ မိနစ်လောက်ကို အချိန်ယူ ဆေးကြော သန့်စင်နိုင်ရင်တော့ ကောင်းပါတယ်။သွေးထွက်နေရင်လဲ သွေးတိတ်ဖို့အတွက် ရေအေးအေး သန့်သန့်နဲ့ သေချာဆေးကြောပေးပါ။

 

(၂) ဒဏ်ရာပေါ်မှာ ဂေါ့ဇ်၊ ပတ်တီးစ ထူထူသန့်သန့်လေး တင်ထားပါ။ ဒဏ်ရာက သွေးမတိတ်သေးဘူးဆိုရင် ခွေးကိုက်ခံရတဲ့နေရာကို မြှောက်ထားပေးပါ။

 

(၃) ခွေးကိုက်ဒဏ်ရာကနေ ကူးစက်ရောဂါ မဝင်အောင် သင့်တော်တဲ့ ဆေးဝါးတွေကိုနေ့စဉ် သောက်သုံးပေးရပါမယ်။ ဒဏ်ရာကို မှန်မှန် ဆေးကြောပေးခြင်းနဲ့ ပတ်တီးစတွေကို လဲလှယ်ပေးခြင်းတွေ လုပ်ဆောင်ပေးရင် အနာကျက်မြန်သလို ကူးစက်ရောဂါတွေ မဝင်နိုင်အောင်လဲ ကာကွယ်ပေးပါတယ်။

 

(၄) အနာမြန်မြန်ကျက်အောင် ဗစ်တာမင် စီကိုလဲ နေ့စဉ်သောက်ပေးရပါမယ်။ ဗစ်တာမင် စီဟာ ကူးစက်ရောဂါ မဝင်နိုင်အောင် ဟန့်တားပေးနိုင်တဲ့ ကိုယ်ခံအားကိုလဲ မြင့်တက်စေပါတယ်။

 

(၅) Vitamin B-Complex ဆေးပြားတွေ သောက်သုံးပေးခြင်း ကလဲ ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ မိုက်ခရို အော်ဂန်နစ်ဇင်မ်ကို တိုက်ဖျက်ပေးမယ့်ပဋိပစ္စည်းတွေကို သွေးထဲကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။

 

(၆) ခွေးကိုက်ခံရရင်တော့ Goldenseal သို့မဟုတ် လိမ္မော်မြစ် လို့ခေါ်တဲ့ အရွက်ကိုရေနွေးကြမ်း လုပ်သောက်လိုက်တာက သက်သာစေတယ်လို့ လူအတော်များများပြောကြပေမယ့် ကိုယ်ဝန်ဆောင်တွေတော့ မသောက်သင့်ပါဘူး။ ဒါပေမယ့် အဲဒီအရွက်ကို အနာပေါ် တိုက်ရိုက်ကပ်တာမျိုးတော့ လုပ်လို့ရပါတယ်။

 

(၇) အသားပြဲစုတ်သွားအောင် အကိုက်ခံထားရရင်တော့ ဒဏ်ရာကို ချုပ်ဖို့ လိုအပ်တာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ပြီး ဆရာဝန်ရဲ့ တိုက်ရိုက် ညွှန်ကြားကုသမှုကို ခံယူသင့်ပါတယ်။ဒါတွေကတော့ ရုတ်တရက် ခွေးအကိုက်ခံရလျှင် ချက်ချင်း လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေပါ။

 

ကိုက်လိုက်တဲ့ခွေးဟာ စနစ်တကျ ကာကွယ်ဆေးတွေ ထိုးထားတဲ့ အိမ်မွေးခွေးပဲဖြစ်ဖြစ် လမ်းပေါ်ကျက်စားနေတဲ့ လမ်းဘေးခွေးပဲဖြစ်ဖြစ် အကိုက်ခံရသူဟာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။ သက်ဆိုင်ရာမြို့နယ်ဆေးရုံးများမှာလည်းခွေးရူးကာကွယ်ဆေးကို ထိုးနိုင်တယ်လို့ သိရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
စောနွဲ ့နေဆိုင် - ပူတာအို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18