Print

သွေးလန့်ခြင်း (ဝါ) ရုတ်တရက်ကြောင်သွားမေ့သွားခြင်း

  27-Feb-2017
Preview Image

လူ၏သတ္တိရှိမှုကို ပြောင်းလဲစေသော အခြေအနေများစွာရှိသည်။ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ လူကရပ်သွားကာ ကြောင်သွားခြင်း၊သတိမေ့ခြင်းမှ အစလုံးဝနှိုးမရသောအိပ်ပျော်ခြင်း၊ သတိမေ့မျောခြင်းအထိ အဆင့်ဆင့်အမျိုးမျိုးဖြစ်သည်။ မြန်မာလိုအောက်ပါအတိုင်းပြန်ရှင်းရမည်။ 

 

(၁) SHOCK ရုတ်တရက်ထိတ်လန့်ခြင်း၊ သွေးလန့်ခြင်း
(၂) SYNCOPE ခေတ္တသတိမေ့ခြင်း၊ 
(၃) Coma လုံးဝနှိုးမရဘဲ အိပ်ပျော်သွားခြင်းကဲ့သို့ သတိမေ့ခြင်း။
၆ နာရီထက်ကြာအောင် သတိမေ့ခြင်း။ ယ္ခုရုတ်တရက်လန့်ခြင်း သို့မဟုတ် သွေးလန့်ခြင်းအကြောင်းကို ပြောပြပါမည်။

 

(က) ရောဂါလက္ခဏာများ (Sifns And Symptos)

(၁) ခြေလက်များအေးစက်နေခြင်း
(၂) ဂဏာမငြိမ်၊ စိတ်လှုပ်ရှားနေခြင်း
(၃) အိပ်ချင်ခြင်း (သို့မဟုတ်) မောပန်းခြင်း
(၄) ခေါင်းမူးခြင်း၊ ခေါင်းထဲမှာပေါ့နေခြင်း၊ သတိလွတ်ခြင်း
(၅) ချွေးထွက်ခြင်း၊ အရေပြားမှာချွေးဖြင့်စိုနေခြင်း
(၆) အထိမခံစိတ်ဆတ်နေခြင်း
(၇) ရေငတ်နေခြင်း
(၈) နှလုံးခုန်နှုန်းမြန်ခြင်း
(၉) မြန်၍အပေါ်ယံသာအသက်ရှူခြင်း
(၁၀) သူငယ်အိမ် (မျက်လုံး) ကျယ်ခြင်း
(၁၁) ပျို့ခြင်း၊ အန်ခြင်း
(၁၂) ခြေဖျားလက်ဖျား၊ နှုတ်ခမ်းများပြားလာခြင်း၊ ရုတ်တရက် ထိတ်လန့်နေသူများ သတိရချင်လည်းရမည်။ သတိမေ့ချင်လည်းမေ့မည်။ သို့သော် သူ၏သွေးလှည့်ပတ်မှုမှာ မမှန်မကန် သွေးဖိအားကျနေ၍ ဦးနှောက်နှင့် နှလုံးသို့ သွေးရောက်မှုနည်းလာသည်။ ကြာလျှင်လဲကျနိုင်သည်။ နှလုံးရပ် ကာသေနိုင်သည်။ သို့ဖြစ်၍ ချက်ချင်းပြုစုရန်လိုအပ်သည်။

 

(ခ) အရေးပေါ်ချက်ချင်းပြုစုမှု

(၁) လူနာကို ကုတင်သို့မဟုတ် ကြမ်းပြင်ပေါ်လှဲသိပ်ပါ။
(၂) ပက်လက်ထား၍ ခြေထောက်ကို ရင်ခေါင်းအထက်မြင့်အောင်မြှင့်ထားပါ။
(၃) လူနာနွေးနေရန် စောင်ခြုံပါ။ အဝတ်ဖုံးပါ။
(၄) ဝတ်ထားသောအဝတ်များကို ဖြေလျှော့ပါ။ အသက်ရှူလွယ်ရန်ဖြစ်သည်။ 
(၅) ဆရာဝန်ခေါ်ပါ။ လူနာတင်ယာဉ်ခေါ်ပါ။
(၆) ပါးစပ်မှဘာမျှမကျွေးမတိုက်ပါနှင့် ။
(၇) လူနာ၏အသက်ရှူခြင်းကို စောင့်ကြည့်ပါ။ အသက်ရှူလွယ်ရန်ဖြစ်သည်။ 
(၈) သွေးထွက်မှုရှိက သွေးတိတ်အောင်ဆောင်ရွက်ပါ။
(၉) ဒဏ်ရာအနာတရရှိက လိုအပ်သလိုပြုလုပ်ပါ။
(၁၀) အန်ပါက ဦးနှောက်ကို ဘေးသို့ လှည့်၍သန့်စင်ပါ။

 

(ဂ) သွေးလန့်စေသောအကြောင်းများ (Causes of shock)

(၁) နှလုံးရောဂါ၊ ရုတ်တရက်နှလုံးလေသင်တုန်းဖြတ်ခြင်း
(၂) ဦးနှောက်ဒဏ်ရာရခြင်း၊ ဦးနှောက်နှင့်ကျောအာရုံကျောမအထိခိုက်ခြင်း။
(၃) ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြေးရောင်ခြင်း
(၄) အဆိပ်မိခြင်း
(၆) သွေးထွက်လွန်ခြင်း 
(၇) အပူရှပ်ခြင်း၊ အပူများလွန်းခြင်း
(၈) ဆေးဝါးတစ်ခုခုဒဏ်ခံရခြင်း။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18