Print

မြွေကိုက်ခြင်း

  27-Feb-2017
Preview Image

မြွေပွေး အကိုက်ခံရပါက အဆိပ်သည် ခန္ဓာကိုယ်ရှိ အရေးကြီးသော အင်္ဂါ အစိတ်အပိုင်းများသို့ ပြန်ရည်ကြောများမှတဆင့် ပျံ့နှံ့ပြီး သွေးလှည်ပတ်သွားလာမှုစနစ်ကို ထိခိုက်စေပါသည်။

 

မြွေဟောက်၊ ဂျပ်မြွေ ၊ သံကွင်းစွပ်နှင့် ငန်းပုတ်တို့ အကိုက်ခံရပါက အဆိပ်သည်သွွေးပြန်ကြောမှ တဆင့် နှလုံးသို့ ရောက်ပြီး အာရုံကြောများကို ထိခိုက်စေပါသည်။

 

လက္ခဏာများ
- အကိုက်ခံရသည့်နေရာတွင် အစွယ်ရာ တစ်ပေါက်၊ နှစ်ပေါက် နှင့် သွားရာရှိခြင်း
- ယောင်ယမ်းခြင်း ၊ ထုံကျင်ခြင်း
- မီးစနှင့် ထိုးသကဲ့သို့ နာကျင်ခြင်း ( ဂျပ်မြွေ နှင့်အချို့မြွေဟောက်တို့ ကိုက်သောအခါတွင် နာကျင်ခြင်း မရှိ်ခြင်း )
- ကိုက်သည့်နေရာတွင် သွေးစများ ယိုထွက်ခြင်း ၊ သွေးခြေဥခြင်း ၊ မီးလောင်ဖုကဲ့သို့
ဖြစ်ခြင်း ၊ အသားများ ဆွေးလာခြင်း 
- ပေါင်ရင်းနှင့် ဒူခေါင်းကွေးများတွင် အကျိတ်များ နာကျင်ခြင်း

 

ပြုစုခြင်း
၁။ ဒဏ်ရာပေါ်သို့ အဝတ်စသန့်သန့်ဖြင့် သန့်ရှင်းပါ။
၂။ ဒဏ်ရာပေါ်သို့ ပိတ်စထူထူအုပ်ပြီး ပတ်တီးကို လက်တစ်တင်းစာ စည်းပါ။
၃။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မလှုပ်ရှားနိုင်အောင် ကြပ်ခံပြီး ( သစ်သားချောင်း ၊ဝါးလုံးများ ) စည်းပေးပါ။
၄။ နီးစပ်ရာဆေးရုံသို့ မော်တော်ယာဉ်၊ ထမ်းစင်၊ လှည်းတို့ဖြင့် အမြန်ဆုုံး ပို့ဆောင်ပါ။
၅။ ကြပ်မရှိပါက အခြားကောင်းသောခြေထောက်ကို ကြပ်ကဲ့သို့ အသုံးပြု၍ ဆွဲဆန့်နိုင်သော ပတ်တီးဖြင့် စည်းပါ။

 

ရှောင်ရမည့် အချက်များ

- ဆွဲဆန့်နိုင်သော ပတ်တီးကို တင်းကြပ်အောင် မစည်းပါနှင့်။
- ဒဏ်ရာကို မီးစဖြင့်ထိုးခြင်း ၊ ဓားဖြင့်ခွဲခြင်း ၊ ပွတ်ခြင်း ၊နှိပ်ခြင်း မပြုလုပ်ရ။
- ဆေးလိမ်းခြင်း ၊ မန်းမှုတ်ခြင်း မပြုလုပ်ရ။
- မြွေဆိပ်ပြေစေရန်အတွက် မြွေအမြီးကို ဖြတ်ပြီး မြိုချခြင်း မပြုလုပ်ရ။
- လူနာကို လှုပ်ရှား လမ်းလျှောက်စေခြင်း မပြုလုပ်ရ။ အရက် မတိုက်ရ။

 

ကာကွယ်နည်း
၁။ မြွေများသည် နေအိမ်အတွင်းရှိ အိုး၊တောင်း ၊ အိပ်ယာများတွင် နေထိုင်တတ်သည့်အတွက် ၄င်းပစ္စည်းများကို သတိဖြင့် ကိုင်တွယ်အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်တွင် သေချာစစ်ဆေးပြီးမှ အိပ်ပါ။

 

၂။ ရေကြီးမှု အန္တရာယ် ကျရောက်ချိန်တွင် မြွေအန္တရာယ်မှ ကာကွယ်ရန် နံနက်စောစောနှင့် ညနေနေဝင်ရီတရော သွားလာသည့်အခါ ခြောက်လှန့့်ခြင်း၊ ခြေသံပေးခြင်း ပြုလုပ်ရန်။

 

၃။ ညအချိန်တွင် လည်ရှည် ဖိနပ်စီးပြီး ဓာတ်မီး ၊ မီးအိမ် ၊ မီးတုတ်အသုံးပြု၍ သွားလာရန်။

 

၄။ ခြံဝင်းအတွင်း ခြုံနွယ်အမှိုက်သရိုက်များကို ရှင်းလင်းထားရန်။

 

၅။ ခြံဝင်းအတွင်း ခွေးဟောင်သံများ၊ ကြောင်အော်သံများ ကြားသိပါက မြွေနှင့် တွေ့ရှိနေကြောင်း သတိပြုပါ။

 

၆။တွင်းများ ၊ သစ်ခေါက်များကို မစူးစမ်းဘဲ မနှိုက်ပါနှင့်။

 

၇။မြွေအသေနှင့်စခြင်း ၊ နောက်ပြောင်ခြင်းမှ ရှောင်ကြဉ်ရန်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Page 73 (အခြေခံရှေးဥိီးပြုစုခြင်း လက်စွဲစာအုပ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18