Print

Cardica Arrest (ရုတ်တရက် နှလုံးခုန်ရပ်ခြင်း)

  27-Feb-2017
Preview Image

အကယ်၍ ရုတ်တရက် နှလုံးခုန်ရပ်သွားသည့် အခြေအနေနှင့် ကြုံတွေ့ရပါကနှလုံးပြန်ခုန်အောင် မလုပ်နိုင်သည်နှင့် အသက်ဆုံးရှုံး သွားနိုင်ခြင်းကြောင့် ရှေးဦးသူနာပြုဖြင့် လူနာအား နှလုံးခုန်အောင် ပြုလုပ်ပေးပါ။

 

ရုတ်တရက် နှလုံးခုန်ရပ်သွားသည့် လက္ခဏာများ
• ရုတ်တရက် ပြိုလဲပြီး မလှုပ်မယှက်နှင့် သတိလစ်သွားတတ်သည်။
• အသက်ရှူသည့် အခြေအနေ လုံးဝမရှိဘဲ ငြိမ်သက်နေမည်။
• သွေးခုန်ခြင်း ပုံမှန်ဟုတ်မဟုတ် စမ်းသပ်ရာ၌ ခန္ဓာကိုယ်အနှံ့ မည်သည့်နေရာတွင်မှ သွေးမခုန်တော့ပါ။
• ခန္ဓာကိုယ်အရေပြားက မီးခိုးရောင်သန်းလာပါမည်။

 

ရုတ်တရက် နှလုံးခုန်ရပ်သွားသည့် လူနာအား ရှေးဦးသူနာပြုပုံ
၁။ နီးစပ်ရာသို့ အကူအညီတောင်းပါ။
၂။ တစ်ယောက်ယောက်အား သူနာတင်ကား ခေါ်နိုင်ရန် ဖုန်းဆက်ခိုင်းပါ။
၃။ ထို့နောက် ပါးစပ်ချင်းတေ့၍ အသက်ရှူအောင် ပြုလုပ်သည့်နည်းကို အသုံးပြုပါ။
၄။ ရင်ဘတ်အား လက်ဖနောင့်ဖြင့် ၄-၅ ကြိမ်ခန့် ဖိဖိပေးပါ။
၅။ ရင်ဘတ်အား ၁၅ ကြိမ်ခန့် ဖိပေးပြီးတိုင်း ပါးစပ်ချင်းတေ့၍ အသက်ရှူနိုင်မည့် နည်း နှစ်ကြိမ်လုပ်ပေးပါ။ သူနာတင်ကားနှင့် ဆေးအကူအဖွဲ့များ ရောက်လာချိန်အထိ အထက်ပါအတိုင်း သတိရရန်နှင့် အသက်ရှူနိုင်ရန် ကြိုးစားပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဦးသိန်းအောင်လှိုင် (ဆေးပညာ)
ရှေးဦးသူနာပြုစုနည်း စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18