Print

မူးမေ့ခြင်း

  27-Feb-2017
Preview Image

ဦးနှောက် အတွင်းသို့ သွေးရောက်ရှိမှု နည်းပါးသွားခြင်းကြောင့် အောက်စီဂျင် ပြတ်လပ်သွား၍ ခေတ္တခဏ မူးမေ့သွားခြင်းကို ခေါ်ပါသည်။ (သွေးဆုတ်၊ သွေးလန့်ခြင်းနှင့် မတူပဲ ဦးနှောက်တွင်းသို့ သွေးစီးဆင်းမှု လျော့နည်းခြင်းကြောင့် ရုတ်တရက် ဖြစ်ပေါ် လာသော လက္ခဏာစုကို ခေါ်ပါသည်။)

 

ဖြစ်စေတတ်သော အကြောင်းအရင်းများ
• နာကျင်ခြင်း
• ကြောက်ရွံ့ခြင်း
• စိတ်ဖိစီးမှု ပြင်းထန်ခြင်း
• အချိန်ကြာမြင့်စွာ ရပ်နေရခြင်း
• မောပန်းလွန်းခြင်း
• လှောင်သော အခန်းအတွင်း ကြာရှည်စွာ နေထိုင်ရခြင်း
• သွေးပေါင်ချိန် ကျခြင်း
• ဦးနှောက်သို့ သွေး အရောက်နည်းခြင်း

 

လက္ခဏာများ
• မူးဝေ လဲကျခြင်း
• အသားအရေ ဖြူဖျော့လာခြင်း၊ အေးစက်၍ ချွေးစေးများ ထွက်လာခြင်း
• မအီမသာ ဖြစ်ခြင်း
• ခြေဖျားလက်ဖျားများ အေးစက်ထုံကျင်လာခြင်း
• သွေးခုန်နှုန်း နှေးလာခြင်း
• မူးဝေလဲကျခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများနှင့် ထိခိုက်မိ၍ နောက်ဆက်တွဲ ဒဏ်ရာများ ရရှိနိုင်သည်။

 

ပြုစုနည်း
• လူနာကို ရေပြင်ညီအတိုင်း သက်တောင့်သက်သာ လဲလျောင်းပေးပါက ဦးနှောက်သို့ သွေးပုံမှန် ပြန်လည်ရောက်ရှိသွားပြီး ပြုစုစရာ မလိုပဲ ပြန်ကောင်းသွားမည် ဖြစ်ပါသည်။
• A,B,C ကို ဆန်းစစ်ပါ။
• ဦးနှောက်ပိုင်းကို နှိမ်၍ ခြေထောက်ပိုင်း ပိုမြှင့်ထားပါ။
• တင်းကျပ်သော အဝတ်အစားများကို ဖြေလျော့ပေးပါ။
• လေကောင်းလေသန့် ရရှိစေရန် ဆောင်ရွက်ပါ။
• အခြေအနေ ဆိုးဝါးလာပါက ဆေးရုံသို့ ပို့ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18