Print

အဆစ်၊ ရိုးဆစ်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းကို ပြုစုခြင်...

  27-Feb-2017
Preview Image

ခန္ဓာကိုယ်ရှိ ကြွက်သားများကို ထိခိုက်ဒဏ်ရာရရှိသည့်အခါတွင် -

 

(၁) ကြွက်သားများ မျက်သွားခြင်း
(၂) ကြွက်သားများ စုတ်ပြဲသွားခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

 

(၁) ကြွက်သားများမျက်သွားခြင်း

ကြွက်သားများ အလွန်အကျွံ ဆွဲဆန့်ခြင်းအားဖြင့် ဖြစ်စေနိုင်ပါသည်။ (ဥပမာ အလွန်လေးလံသော အရာဝတ္ထုကို မခြင်း)

လက္ခဏာ -

- ထိခိုက်သည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ယမ်းခြင်း
- လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်ခြင်း

 

(၂) ကြွက်သားများစုတ်ပြဲသွားခြင်း

ကြွက်သားများကို ရုတ်တရက်နှင့် အပြင်းဆွဲဆန့်လိုက်ခြင်းကြောင့် ဖြစ်စေနိုင် ပါသည်။ 

လက္ခဏာ -

- ရုတ်တရက်စူးရှစွာ နာကျင်ခြင်း
- ကြွက်တက်ခြင်း
- ဒဏ်ရာရသည့်အစိတ်အပိုင်း ညိုမည်းခြင်း

 

ပြုစုခြင်း
(၁) လူနာကို သက်သောင့်သက်သာအနေအထားတွင်ထားပါ။
(၂) RICE နည်းစနစ်ဖြင့် ပြုစုပြီး ဆေးရုံသို့ပို့ဆောင်ပါ။

 

ရိုးဆက်ကြော ထိခိုက်ဒဏ်ရာရခြင်း
ရိုးဆက်ကြော ထိခိုက်ဒဏ်ရာ ရရှိခြင်းဆိုသည်မှာ အဆစ်လိမ်သွားခြင်းကြောင့် အဆစ်ပတ်လည်တွင်ရှိသော ရိုးဆက်ကြောများ (အရွတ်ကြောများ)စုတ်ပြဲခြင်း
ကြောင့်ဖြစ်ပြီး အရိုး၏ နဂိုပုံပန်းသဏ္ဍာန် မပျက်ပါ။

လက္ခဏာ -

- ရောင်ယမ်းခြင်းနှင့် အဆစ်တစ်ဝိုက်တွင် သွေးခြေဥခြင်း
- ထိခိုက်မိသောနေရာတွင် နာကျင်ခြင်း
- အဆစ်ကိုလှုပ်ရှားသောအခါတွင် ပိုမိုနာကျင်ခြင်း
- ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း

 

ပြုစုခြင်း
(၁) လူနာကို သက်သောင့်သက်သာအနေအထားတွင်ထားပါ။
(၂) RICE နည်းစနစ်ဖြင့် ပြုစုပြီး ဆေးရုံသို့ ပို့ဆောင်ပါ။

 

အဆစ်လွဲခြင်း
အဆစ်လွဲခြင်းဆိုသည်မှာ ပြင်းထန်သောအချိန် (သို့) အဆစ်လိမ်သွားခြင်းအားဖြင့် အဆစ်ပတ်လည်တွင်ရှိသော အရိုးဆက်ကြောများ (အရွတ်ကြောများ) စုတ်ပြဲပြီး အရိုးတစ်ခု (သို့) တစ်ခုထက် ပိုသောအရိုးများ လွဲသွားခြင်းကို ဆိုလိုသည်။

 

မကြာခဏ ပြုတ်တတ်သောအဆစ်များမှာ -
(၁) ပခုံးဆစ်
(၂) လက်မဆစ်
(၃) လက်ချောင်းဆစ်ကလေးများ
(၄) မေးရိုးဆစ် (သန်းခြင်း၊ အထိုးခံရခြင်းတို့ကြောင့် ဖြစ်တတ်သည်။)
(၅) တတောင်ဆစ်နှင့် လက်ကောက်ဝတ်ဆစ်
(၆) ပေါင်ဆစ်

 

လက္ခဏာ -

- အဆစ်၏နေရာတွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း။
- ရောင်ယမ်းခြင်းနှင့် ပတ်ဝန်းကျင်တွင် သွေးခြည်ဥခြင်း။
- ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း။
- အဆစ်အပေါ် (သို့) ၎င်း၏ပတ်ဝန်းကျင်တွင် ပြင်းထန်စွာနာကျင်ခြင်းနှင့် အာရုံကြောများ ဆွဲဆန့်မှုကြောင့် ထုံကျင်ခြင်း။
- ကြွက်သားများမျက်ခြင်း၊ စုတ်ပြဲခြင်း

 

ပြုစုခြင်း
(၁) အဆစ်လွဲခြင်းကို မကျွမ်းကျင်ပဲ ဆွဲဆန့်ခြင်း၊ ပြန်လည်၍ နေသားတကျဖြစ်အောင် ထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။
(၂) ထပ်မံ၍ ဒဏ်ရာမရရှိအောင် ပြုစုပါ။
(၃) လူနာကို အားပေးစကားပြောပါ။
(၄) RICE နည်းစနစ်ဖြင့် ပြုစုပါ။
(၅) ဆေးရုံသို့ ပို့ဆောင်ပါ။

 

R = Rest 
ဒဏ်ရာရသော အစိတ်အပိုင်းကို အနားပေးပါ။

 

I – Ice
ရေခဲအိတ်တင်ပေးပါ။ ရေခဲအိတ်ကို ရေအေးဝတ်ခံ၍ မိနစ် ၂၀ (သို့) ၃၀ တင်ပေးပါ။ လူနာ၏ ဒဏ်ရာအခြေအနေအပေါ် မူတည်၍ ၂ နာရီ (သို့) ၃ နာရီခြား နှစ်ရက်မှ သုံးရက်အထိ တင်ပေးပါ။

 

C = Compress
အဝတ်ခံ၍ ဆွဲဆန့်နိုင်သော ပတ္တီးစည်းနည်းဖြင့် ဖိ၍စည်းပါ။

 

E = Elevate
ဒဏ်ရာရသော အစိတ်အပိုင်းကို နှလုံးထက်မြင့်အောင် မြှင့်ထားပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18