Print

ယာဉ်တိုက်မှုဖြစ်လျှင် အရေးပေါ်လုပ်ဆောင်သင့်သည့်အချက်များ

  30-Oct-2016
Preview Image

- လူနာကိုဘေးကင်းရာသို့ ရွှေ့ပါ။

- သတိရမရ လူနာကိုခေါ်ကြည့်ပါ။အမည်မေးပါ။

- အသက်ရှူမရှူကြည့်ပါ။

- ပါးစပ်ထဲသွေးများ ပြင်ပပစ္စည်းများဖြင့် လေပြွန်ပိတ်ဆို့ နေမနေကြည့်ပါ။ (ပိတ်နေက ဖယ်ပစ်ပါ)

- နှလုံးခုန်မခုန်ကြည့်ပါ။ ရင်ဘတ်နားကပ်၍ နားထောင်ကြည့်ပါ။ (အသက်မရှူ နှလုံးမခုန်ပါက အရေးပေါ် အသက်ကယ်နည်းစလုပ်ပါ။)

- ခေါင်းကိုထိထားသည်ရှိမရှိ၊ အခြားကျိုးပဲ့သော နေရာရှိမရှိ တစ်ကိုယ်လုံးစစ်ဆေးပါ။

- ဒဏ်ရာပြင်းပါက ဆေးရုံအမြန်ဆုံးပို့နိုင်ဖို့ ဆောင်ရွက်ပါ။ ဘေးကလူများကို အကူအညီတောင်းပါ။

- သွေးထွက်နေသောလူနာကို သွေးထွက်မလွန်အောင် အဝတ်ဖြင့်ဖိကပ်ထားပါ။ (မတင်းမကျပ်စည်းပေးပါ)

- ခေါင်း၊ ကျောရိုး၊ လည်ပင်းကို ခိုက်မိထားသည်ဟု သံသယရှိပါက လူနာကို ပက်လက်နေရာမှ မရွှေ့စေပဲ ဆေးရုံအမြန်ပို့ပါ။

- ခွေခေါက်ပို့ခြင်းက ကျောရိုးရှိ နာဗ်ကြောများဖိမိိ၍ ပိုမိုဆိုးရွားသော အခြေအနေဖြစ်စေနိုင်ပါတယ်။

ဒေါက်တာခြူးမျက်ချယ်

၈.၁၀.၂၀၁၅

Ref: Myanmar First Aid

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18