Print

လိင်တံကင်ဆာ (Penile Cancer)

  24-Feb-2017
Preview Image

စာရေးသူ ၁၉၅၈ ခုနှစ်ကတည်းက မန္တလေးဆေးရုံကြီးတွင် လိင်တံကင်ဆာ ကိုတွေ့ဖူးသည်။ ထိုစဉ်က ခွဲဆောင် (၁) မှာ ယင်းကင်ဆာရသူ ၂ ဦးမှ ၅ ဦးထိရှိ၏။ မေးလိုက်လျှင် သစ်လုံးညှပ်၍ရသည်။ တစ်ခုခုညှပ်မိ၍ရသည်ဟု ဖြေကြ၏။ အမှန်မှာ ကင်ဆာက မနာသဖြင့် ဖြစ်နေမှန်းမသိကြ။ အနာကြီးလာမှ တစ်ခုခုနှင့် ခိုက်မိသည် ထင်ပြီးပြောကြခြင်းဖြစ်သည်။ အနာမှာ အရုပ်ဆိုး၏။ မှိုပွင့်သဏ္ဍာန်ရှိ၏။ 

 

မနာကျင်။ ပေါင်ခြံအကျိတ်ကြီး၏။ လူနေမှုအဆင့်အတန်းနိမ့်ကာ လိင်တံကို မှန်မှန် မဆေးကြောသဖြင့်ရကြ၏။ ရောဂါဖြစ်ပွားနှုန်းမှာ အိန္ဒိယနိုင်ငံ၌ လူတစ်သိန်းတွင်၀.၇ မှ ၃ ယောက်၊ ဘရာဇီးလ်တွင် လူတစ်သိန်းမှာ ၈.၃ ယောက်ဖြစ်၏။ ဥရောပတွင် လူတစ်သိန်းမှာ ၁ ယောက်အောက်သာဖြစ်၏။

 

(က) လိင်တံကင်ဆာဖြစ်စေရန် ကူညီသောအကြောင်းများ (Risk Factors)

(၁) ထိပ်ဖူးဖုံးအရေပြား မဖြတ်ထား
(၂) လိင်တံချေး (Smegma) ကို မှန်မှန်မဆေး
(၃) ဗိုင်းရတ်စ် HPV ဝင်
(၄) လိင်တံမှာ ကြွတ်နို့ပေါက်
(၅) မိန်းမလိုက်စား
(၆) HIV ရောဂါပိုးဝင်
(၇) ဆေးလိပ်သောက်
(၈) လိင်တံဒဏ်ရာရ။ လက်ဖြင့်ပွတ်ဖန်များ
(၉) ဓာတုပစ္စည်းများ ဥပမာ Insecticides နှင့်ထိတွေ့။ 
(၁၀) ကင်ဆာဖြစ်စေသောဓာတ် ဥပမာ ကာဘွန်နှင့်ထိ။

 

(ခ) ကင်ဆာအကြိုရောဂါများ

(၁) အနီကွက်ပေါ် Erythroplasia
(၂) အမဲကွက်များပေါ်
(၃) ဆစ်ဖလစ်အသားပိုနာရ (Condylomata)

ကုသမှု

စောလျှင်ခွဲကုသ။ အလယ်အလတ်ဆိုက ဓာတုဆေးနှင့်ဓာတ်ကင်။ အနာရင့်က ဓာတုဆေးနှင့် သက်သာမှုပြုစု။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နှုတ်ထားပါသည်။

 

 



Related Articles


Advertisment 18