Print

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ကြွက်သတ်ဆေး များ ရှုမိ၊ သောက်မိ၊ ထိတွေ့မိသော...

  30-Oct-2016
Preview Image

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသည် သောက်သုံးမိ၍ဖြစ်စေ၊ ရှူမိ၍ဖြစ်စေ၊ အရေပြားမှတစ်ဆင့် စိမ့်ဝင်ခြင်းဖြင့်ဖြစ်စေ၊ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလျှင် အသက်အန္တရာယ်ရှိပါသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်သားများတွင် လက်အိတ်အပြဲ၊ အကျင်္ ီအပြဲများမှ ပိုးသတ်ဆေးများ သည် ခန္ဓာကိုယ် အရေပြားနှင့် ကာလကြာရှည်စွာထိတွေ့မိသောအခါတွင်လည်း အဆိပ်အတောက်ဖြစ်စေပါသည်။

အဆိပ်မိခါစတွင် ခံစားရသော လက္ခဏာများမှာ -

- ခေါင်းကိုက်ခြင်း

- ချွေးစေးပြန်ခြင်း

- ၀မ်းလျှောခြင်း

- မျက်လုံး၊ နှာခေါင်း၊လည်ပင်းနှင့် အရေပြားများ ယားယံခြင်း

- ပျို့အန်ချင်ခြင်း

- အစားအသောက် အအိပ်ပျက်ခြင်း

- မူးဝေထိုင်းမှိုင်းခြင်း

- ရေငတ်ခြင်း

 

စိုးရိမ်ဖွယ်ရှိသောလက္ခဏာများမှာ-

- အန်ခြင်း

- တက်ခြင်း

- သတိိလစ်ခြင်း

- အသက်ရှူမဝခြင်း၊ အသက်ရှူမြန်ခြင်း

- ဖျားခြင်း

- ကြွက်သားများ ဆန့်ငင်ဆန့်ငင်ဖြစ်၍ မလှုပ်နိုင်ခြင်း တို့ဖြစ်သည်။

 

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အဆိပ်မိခဲ့လျှင် ပြုစုရမည့် အရေးပေါ် ရှေးဦးသူနာပြု

----------------------------------------------------------------------------------------------------------

နည်းလမ်းများ

------------------

(၁) ဆေးရည်များ မည်သည့်လမ်းကြောင်းမှ ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သည်ကို ဦးစွာရှာဖွေပါ။ အများဆုံး ၀င်လေ့ရှိတာကတော့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် အရေပြားတို့မှဖြစ်သည်။

- ဆေးရည်များကို ရှူသွင်းမိခဲ့လျှင် ထိုလူအား လေကောင်းလေသန့် ရသောနေရာသို့ ပြောင်းရွေ့ ပေးပါ။

- ဆေးရည်များ မျက်လုံးမှဝင်ခဲ့လျှင် သန့်စင်သောရေဖြင့် မျက်လုံးအား ၁၅ မိနစ်ခန့်ဆေးပေးပါ။

- ခန္ဓာကိုယ်ပေါ်တွင် ဆေးရည်များပေခဲ့လျှင် ဆေးရည်ပေနေသော အဝတ်အစားများချွတ်ပစ်ပါ။ ရေချိုးပါ။

ဆပ်ပြာနှင့် ပေနေသောနေရာကို သေချာစွာပွတ်တိုက်ဆေးပါ။

- ဆေးရည်အားမျိုချမိပါက၊ လျှင်မြန်စွာ ပလုတ်ကျင်းပေးပါ။

(၂) လူနာအသက်မရှူတော့ရင် အရေးပေါ် အသက်ကယ်နည်းဖြင့် အသက်ကယ်ပေးပါ။

(၃) လူနာအား ဆေးရုံ၊ ဆေးခန်းသို့အမြန်ပို့ပါ။ ဆေးပုလင်းအား တစ်ပါတည်းယူဆောင်သွားရန် မမေ့ပါနဲ့။ ဆေးရည် အမျိုးအစားပေါ်မူတည်၍ ကုသသည့်နည်းလမ်းများ ကွာခြားသောကြောင့် ဖြစ်သည်။

(၄) လူနာအား နွေးနွေးထွေးထွေးထားပေးပါ ဟူ၍အကြံပြုလိုက်ရပါသည်။

 

Ref:

ဒေါက်တာ ခြူးမျက်ချယ်

၅.၁၀.၂၀၁၅

Ref:

NHS

 

ဤဆောင်းပါးနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များ ရှိပါက comment (သို့) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18