Print

သွေးဆုတ်သွေးလန့်ခြင်း လက္ခဏာများ

  24-Feb-2017
Preview Image

ပြုစုနည်း
၁။ သွေးဆုတ်သွေးလန့်ခြင်းဖြစ်ရသည့် အကြောင်းရင်းများကို ရှာဖွေပါ။

 

၂။ လူနာကို အသက်ရှူလမ်းကြောင်းဖွင့်ပြီး အသက်ရှူ/ မရှူစစ်ဆေးပါ။

 

၃။ သွေးလှည့်ပတ်သွားလာမှုကို စစ်ဆေးပြီးလိုအပ်ပါက အသက်ရှူအား ကူနည်းနှင့်နှလုံးနှိုးဆွနည်းဖြင့် ပြုစုပါ။

 

၄။ သွေးယိုထွက်ခြင်းများရှိပါက သွေးထွက်မလွန်အောင် ပြုစုပါ။

 

၅။ လူနာကို သက်တောင့်သက်သာ အနေအထားဖြစ်အောင် ကူညီပါ။

 

၆။ လူနာ၏ ခန္ဓာကိုယ် အေးစက်နေပါက ပုံမှန်အပူချိန် ပြန်လည်ရရှိအောင် စောင်ပါး ပါးခြုံပေးပါ။ ( ရေနွေးအိတ်မသုံးပါနှင့်။ သွေးအားပိုမိုကျဆင်းတတ်သည်။)

 

၇။ လူနာကို အားပေးစကားပြောပါ။

 

၈။ လူနာကို မပြတ်ဆန်းစစ်ပြီး လိုအပ်သည့် ပြုစုစောင့်ရှောက်မှုကို ထပ်မံပြုလုပ်ပါ။

 

၉။ ဦးနှောက်နှင့် နှလုံးသို့ သွေးစီးဆင်းစေရန်အတွက် ခြေထောက်များကို အနည်းငယ် မြှင့်ထားပါ။

 

၁၀။ ဦးခေါင်းပိုင်းနှင့် ရင်ခေါင်းပိုင်းဒဏ်ရာရပါက ဦးခေါင်းပိုင်းနှင့် ပခုံးပိုင်းကို အနည်း ငယ်် မြှင့်ထားရမည်။ ခြေထောက်ပိုင်းကို လုံးဝမမြှင့်ရ။

 

၁၁။ လည်ပင်း၊ ကျောရိုးတန်းမနှင့် ခြေထောက်ရိုးကျိုးသည့် လူနာများကို ငြိမ်သက်စွာ ဆန့်တန်းထားရမည်။

 

၁၂။ လူနာကို မည်သည့်အစားအစာမျှ မကျွေးရ။ ရေမတိုက်ရ။

 

၁၃။ အရက်၊ ဆေးလိပ်မသောက်ရ။

 

၁၄။သွေးဆုတ်သွေးလန့်ခြင်း ဖြစ်သောလူနာသည် အခြေအနေ ပိုမိုဆိုးရွားပြီး သတိလစ်ခြင်းဖြစ်ပေါ်လာပါက စိတ်ချရသော ဘေးစောင်းအနေအထားတွင်ထားပါ။

 

၁၅။ ဆေးအကူအညီ အမြန်ဆုံးရရှိစေရန် ဆောင်ရွက်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ် မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18