Print

နားမှသွေးယိုခြင်း

  24-Feb-2017
Preview Image

ဦးခေါင်းကို ထိခိုက်ဒဏ်ရာရအပြီးနားမှ သွေးအရည်ကြည်ထွက်တာက ဦးခေါင်းခွံ ရိုးကျိုးတဲ့ လက္ခဏာပါ။ ကလစ်နဲ့ နားဖာကလော်တာကြောင့်လည်း နားစည်ပေါက်ထွက် ကာ နားမှသွေးယိုတတ်ပါတယ်။

 

ကျယ်လောင်တဲ့ ပေါက်ကွဲသံ၊ နားကို အထိုးခံရတာနဲ့ အလယ်နားအတွင်း ရောဂါပိုး ဝင်ရောက်တာကြောင့်လည်း နားစည်ပေါက်ကာ နားမှသွေး ယိုတတ်ပါတယ်။ အလယ်နားအတွင်း ပိုးဝင်လာရင် နားအတွင်း အလွန်အမင်း ဆိုးရွားတဲ့ နာကျင်မှုတွေ ခံရတတ်ပါတယ်။

 

နားအတွင်း ရောဂါပိုးဝင်တာက ပဋိဇီဝဆေးဝါးနဲ့ ကုသဖို့လိုအပ်ပါတယ်။ နားပေါ် ကို ချွေးသုတ်ပဝါနဲ့ အုပ်ထားပြီး သွေးတွေအပြင် ထွက်အောင် ဦးခေါင်းကို တစ်ဖက်စောင်း ထားပါ။ ဦးခေါင်းအတွင်း ဒဏ်ရာမရှိခဲ့ပါမှ အကိုက်အခဲ ပျောက်ဆေးမှီဝဲပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Good Health Journal



Related Articles


Advertisment 18