Print

ပေါင်ရိုးကျိုးခြင်းကိုပြုစုခြင်း

  24-Feb-2017
Preview Image

ပေါင်ရိုးကျိုးသောလူနာအား-

၁။ လူနာအားပက်လက်အနေအထားတွင်ထားပါ။ ချိုင်းအောက်မှ အပြင်ခြေမျက်စိထိ ရှည်သော ကြပ်တစ်ချောင်းနှင့် ပေါင်ခွမှ အတွင်းခြေမျက်စိထိရှည်သော ကြပ်တစ်ချောင်းကို ကျိုးသောခြေထောက်၏ တစ်ဘက်တစ်ချက်တွင်ထားပါ။

 

၂။ ချိုင်းကြား၊ ပေါင်ကြား၊ ဒူးဆစ်နှင့် ခြေမျက်စိတို့တွင် အဝတ်စ၊ ဂွမ်းများထည့်ပါ။

 

၃။ (က) ခြေကျင်းဝတ် (ခ) ချိုင်း (ဂ) တင်ပဆုံ (ဃ) ဒူးဆစ် (င) ကျိုးသောနေရာအထက် (စ) ကျိုးသောနေရာအောက် (ဆ) ခြေသလုံးတွင်တစ်ချက် ပတ်တီးစည်းပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နှုတ်ထားပါတယ်။



Related Articles


Advertisment 18