Print

မတော်တဆခွေးကိုက်ခံရလျှင်

  01-Jan-1970
Preview Image

အဆင့်(၁)

- ဒဏ်ရာကို ရေများများနှင့် ဆေးကြောပါ။

- ဆပ်ပြာသုံး၍လည်း ဆေးကြောနိုင်ပါတယ်။

- ရေဆေးပြီးလျှင် အရက်ပြန်နှင့် သန့်စင်ပါ။

- မလိုအပ်ပါက ဒဏ်ရာကိုမချုပ်ပါနှင့်။

- ချုပ်ရန်လိုပါက Rabies Immuno globulin (RIG) ကို ဦးစွာထိုး၍ နာရီအနည်းငယ်

ကြာမှသာ ချုပ်ပါ။

 

အဆင့်(၂)

 

- (၅) ကြိမ်ထိုးရသောခွေးရူးရောဂါကာကွယ်ဆေးနှင့် (၄) ကြိမ်ထိုးရသော ခွေးရူးရောဂါကာကွယ်ဆေး ဟူ၍ ဆေးထိုးနည်း (၂) နည်းရှိပါသည်။

- သင့်တော်သောနည်းကို ဒဏ်ရာအရွယ်အစားနှင့် ကာကွယ်ဆေးရရှိနိုင်မှု အပေါ်တွင်မူတည်၍ ဆရာ ၀န်မှ ဆုံးဖြတ်ပေးရပါမည်။

 

(၅) ကြိမ်ထိုးရသော ဆေးထိုးရက်များ

*****************************************

စစထိုးခြင်းနေ့၊ (၃) ရက်မြောက်နေ့၊ (၇) ရက်မြောက်နေ့၊ (၁၄) မြောက်နေ့၊ (၂၈) ရက်မြောက် နေ့တွင် တစ်လုံးစီထိုးပေးရပါမည်။(၄)ကြိမ်ထိုးရသော ဆေးထိုးရက်မျာ

***************************************

စစထိုးခြင်းနေ့တွင် (၂) လုံး၊ (၇) ရက်မြောက်နေ့တွင် (၁)လုံး၊ (၂၁) ရက်မြောက်နေ့တွင် (၁) လုံးထိုးပေးရပါမည်။

 

Ref:

ဒေါက်တာခြူးမျက်ချယ်

၅.၁၀. ၂၀၁၅

Source:

Ministry of Health (Mirror daily)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18