Print

Paracetamol Poisoning(ပါရာစီတမော အဆိပ်သင့်ခြင်း)

  30-Oct-2016
Preview Image

ပါရာစီတမောအဆိပ်သင့်ခြင်း အသောက်လွန်ခြင်းသည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်များသော အရေးပေါ်အခြေအနေ တစ်ခုပင်ဖြစ်သည်။ ပါရာစီတမောအဆိပ်သင့်ခြင်းသည် အသည်း၏ လုပ်ငန်းစဉ်များကို အဓိကထိခိုက်ခြင်း ဖြစ်စေ သည်။ပုံမှန်ခန္ဓာကိုယ်ရှိသော လူတစ်ယောက်တွင် ပျမ်းမျှ Paracetamol (ပါရာစီတမော) အလုံး 20 နှင့် အထက် တစ်နညး်အားဖြင့် 150 mg / kg သောက်မိပါက အသည်းထိခိုက်ခြင်း၊ အဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။ သို့ရာတွင် အာဟာရ ချို့တဲ့နေသူများနှင့် ကလေး၊ သက်ကြီးရွယ်အိုများတွင်မူ ဆေးလုံးအရေအတွက်နှင့် ပမာဏအတိအကျမရှိ ဥပမာ ၈ လုံးမျှနှင့်ပင် အသည်းထိခိုက်နိုင်ပါသည်။ အဆိပ်သင့်သည့် လက္ခဏာများသည် အများအားဖြင့် ပထမ ၂၄ နာရီအတွင်း မသိသာပေ။ “ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း မျှသာရှိတတ်သည်။ အသည်းထိခိုက်သွားပြီဆိုလျှင်မူ အသားဝါခြင်း၊ Hepatic EncephaloPathy စသည့်တို့ ဖြစ်နိုင်ပါသည်။ သို့ပါ၍ အရေးပေါ်ကုသနိုင်ရန်အချိန်တိုအတွင်း လူနာအား နီးစပ်ရာ ဆေးရုံးဆေးခန်းသို့ ပို့ရပါမယ်။

 

Ref;

Dr:MHP

3,Oct,2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18