သွေးပေါင်ရုတ်တရက်ကျခြင်း (Low Blood Pressure)
24-Feb-2017
သွေးဖိအားအပေါ် ၉၀ မီလီမီတာ ပြဒါးချိန်နှင့် အောက် ၆၀ မီလီမီတာ ပြဒါးချိန် (၉၀ mmHg နှင့် ၆၀ mmHg အပေါ်နှင့်အောက်) အောက်ကျပါက လူ၏ အရေးကြီးသော အင်္ဂါများသို့ သွေးမရောက်သဖြင့် ဒုက္ခရောက်ရသည်။ မတ်တပ်ရပ်ကလဲကျ၏။
ရောဂါလက္ခဏာများ
- အမြင်ဝါးခြင်း၊
- အေး၍စီးသော အရေပြားရှိခြင်း၊
- စိတ်ဇဝေဇဝါဖြစ်ခြင်း၊
- ခေါင်းမူးဝေခြင်း၊ မူးမေ့ခြင်း၊
- အသက်ရှူမဝခြင်း၊ မြန်ခြင်း၊
- တစ်ခုခုကို စူးစိုက်မလုပ်နိုင်ခြင်း၊
- ဦးခေါင်းပေါ့ထွေတွေဝေခြင်း၊
- ပျို့ခြင်း၊
- အိပ်မပျော်ခြင်း၊
- အားနည်းခြင်း၊
- လှဲရာမှထိုင်၊ ထိုင်ရာမှ ထလိုက်လျှင်မူးခြင်း၊ လဲကျခြင်း တို့ဖြစ်သည်။
ဖြစ်စေသောအကြောင်းများ
(၁) အသက်ကြီးလွန်းသူများ
(၂) မတ်တပ်ရပ်သည်မှာကြာရှည်ခြင်း
(၃) ဗိုက်လေးအောင် စားခြင်း
(၄) ကိုယ်တွင်းရေခမ်းခြင်း (Dehydration)
(၅) ရောဂါအချို့
- သိုင်းရွိုက်
- ကျောက်ကပ်ထက်အင်္ဂါ
- သကြားဓာတ်နည်းခြင်း
- နှလုံးရောဂါ
- ကိုယ်ဝန်ဆောင်ခြင်း
- သွေးလန့်ခြင်း (Shock)
ကာကွယ်ကုသမှု
(၁) ရေများများသောက်ပါ။
(၂) အရက်၊ ဘီယာ၊ ထန်းရေ မသောက်ပါနှင့်။
(၃) မတ်တပ်ရပ်ရလျှင် ခြေထောက်အမြဲ နေရာရွှေ့ပါ။
(၄) ဆားလုံလောက်အောင်စားပါ။
(၅) ချွေးထွက်နည်းပါစေ။ ချွေးထွက်က ဆားပါသော ဖျော်ရည်သောက်ပါ။
(၆) ကိုယ်ကိုအေးအောင်ထားပါ။
(၇) မူးမေ့က ဆရာဝန်ခေါ်ပါ။
(၈) ဆေးရုံတွင် လိုအပ်က သွေးကြောထဲ ဓာတ်ဆားရည်သွင်းပေးမည်။
(၉) သွေးဖိအားတက်စေသော Ephedrine ထည့်၏။
(၁၀) အောက်ဆီဂျင်ကို နှာခေါင်းမှ ရှူသွင်းသည့် ပြွန်တပ်ရှူစေသည်။
(၁၁) အနာအကျင်ပျောက်ဆေးပေးမည်။
(၁၂) ဘာမျှမပူရန် အားပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

