Selfie အလွန်အကျွံရိုက်ခြင်းကြောင့်အရေပြားပျက်စီးစေနိုင်
28-Sep-2018
Selfie အလွန်အကျွံ ရိုက်ရင် အရေပြား ပျက်စီးစေပြီး အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို ပိုမြန်စေတယ်လို့ အရေပြား ပညာရှင်တွေက ပြောပါတယ်။ ဒီသတင်းက Selfie စွဲလန်းသူတွေအတွက် သတင်းဆိုးပါပဲ။ လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ Facial Aesthetic Conference and Exhibition (FACE) ပွဲမှာ အရေပြား ပညာရှင်တွေက အခုလို ပြောခဲ့တာပါ။
စမတ်ဖုန်းတွေကထွက်တဲ့ အပြာရောင်အလင်းနဲ့ လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်ဟာ အရေပြားတွေကို ရှုံ့တွစေပြီး အိုမင်းရင့်ရော်စေတယ်လို့ အရေပြားပညာရှင်တွေက ပြောပါတယ်။ အရေပြားပညာရှင်တစ်ဦးကတော့ စမတ်ဖုန်း အသုံးပြုသူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ရုံနဲ့ ဘယ်လက်နဲ့ သူ ဖုန်းသုံးသလဲဆိုတာကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ ဖုန်းက ထွက်တဲ့ ဓာတ်ရောင်ခြည်ဟာ နေရောင်ခြည်နဲ့ လှိုင်းအလျား မတူတဲ့အတွက် နေလောင်ခံ ခရင်မ်တွေ လိမ်းထားရင်လည်း အရေပြား ထိခိုက်တာကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ အရေပြား ပညာရှင်တစ်ဦးက ပြောပါတယ်။
Ref : dailymail

