Print

အင်ပျဉ်ထခြင်း (Hives or Urticaria)

  28-Aug-2017
Preview Image


အင်ပျဉ်ထခြင်းသည် ဥတု အာဟာရ စိတ်လှုပ်ရှားမှုတို့နှင့်လည်းဆိုင်သည်။သာမန် အင်ပျဉ်များသည် အရေပြားပေါ်တွင် နီရဲရောင်ရမ်းစေသော အကွက်များပေါ်လျက် ယားယံ၏။ ပေါ်သောအကွက်များသည် အဝိုင်းပုံ ဖြစ်၍ ယားသောအခါ အလွန်ယား၏။အချို့အနီကွက်များမှာ မိနစ်ပိုင်း၊နာရီပိုင်း အတွင်းပျောက်သော်လည်း အချို့မှာ ရက်ပေါင်းအတန်ကြာမှ ပျောက်သည်။အင်ပျဉ်ထရခြင်း အကြောင်းမှာ ဆေးစားခြင်း၊ ပိုးကောင်ကိုက်ခြင်း၊ အပင်နှင့်ထိခြင်း၊ သတ္တုနှင့်ထိခြင်း စသော ကိုယ်နှင့်မတည့်သော ကိစ္စများကြောင့် ဖြစ်သည်။အင်ပျဉ်ထခြင်းသည် ကိုယ်နှင့်မတည့်သောကိစ္စ(allergy) တစ်မျိုးတည်းကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားဖိစီးမှုရှိခြင်း၊ ရာသီဥတုအေးခြင်း၊ တို့ကြောင့်လည်း ဖြစ်နိုင်သည်။


သက်သာစေသော နည်းလမ်းများ

၁.အအေးအုပ်ခြင်း

သာမန်အင်ပျဉ်တို့၌ အအေးကြပ်ထုတ်ထိုးခြင်း၊ ရေအေးစိမ်ခြင်း၊ ရေခဲတုန်းဖြင့်ပွတ်ပေးခြင်းတို့ ပြုလုပ်စေခြင်းဖြင့်သက်သာစေနိုင်သည်။ ရာသီဥတုအေးခြင်း၊ ရေနှင့် ထိတွေ့ပြီး ဖြစ်သော အင်ပျဉ်များကိုကား မသက်သာစေနိုင်ပေ။ရေနွေကို သုံးပြန်လျှင်လည်း ပို၍ ယားယံစေမည်။


၂. ကယ်လမိုင်းလိမ်းဆေး

ကယ်လမိုင်း(Calamine) လိမ်းဆေးသည် နေလောင်နာ အဖု အပိမ့် ပိုးမွှားကိုက်ခြင်းတို့ကို လိမ်းပေးလျှင် သက်သာစေသောဆေးဖြစ်ပြီး အင်ပျဉ်အတွက်လည်း လိမ်းလျှင် သက်သာစေနိုင်သည်။


၃. အယ်ကာလိုင်း ဆေးရည်သုံးခြင်း

အယ်ကာလိုင်းဓာတ်(alkaline) များသည် များသောအားဖြင့် ယားယံခြင်း အင်ပျဉ်ထခြင်တို့ကို သက်သာစေသည်။ထို့ကြောင့် အယ်ကာလိုင်းပါသော  မဂ္ဂနီးရှားရည်ပျစ်(Milk of magnesia)ဖြင့် အင်ပျဉ်ကို တို့ပေးယုံဖြင့် သက်သာစေနိုင်သည်။


၄. ဆရာဝန်ညွန်ကြားသော သောက်ဆေးများ လိမ်းဆေးများ 

သုံးခြင်းဖြင့်လည်း အင်ပျဉ်ထခြင်းကို သက်သာစေနိုင်သည်။


၅.ထို့ပြင် အင်ပျဉ်ထစေခြင်းကိုဖြစ်စေသော အကြောင်း အရင်းများ( ဆေးဝါး၊ အစားအစာ၊ ပိုးကောင်ကိုက်ခြင်း၊ မတည့်သောအပင်များနှင့်ထိခြင်း) ကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည်။


Credit- အိမ်တွင်းသမားတော်

Dr. Zin



Related Articles


Advertisment 18