Acanthosis nigricans
25-Feb-2017
Acanthosis nigricans
အရေပြားခေါက်နေသော နေရာများတွင် ဖြစ်ပွားသောအရေပြားအရောင်ရင့်လာခြင်း
နှင့် အရေပြားထူလာခြင်း ဖြစ်ပါသည်။ အရေပြားသည် ညို (သို့) မည်းလာပြီး အနည်းငယ် မြင့်တက်လာကာ ကတ္တီပါစနှင့် တူလာသည်ဟု ရည်ညွှန်းကြလေ့ရှိသည်။ ကြွက်နို့အသေးစားလေးများနှင့် ဆင်တူတတ်ပြီး လည်ဂုတ်၊ ချိုင်းကြား၊ ရင်သား
များအောက်နှင့် ပေါင်ခြံတို့တွင် အတွေ့ရများပါသည်။ ရံဖန်ရံခါ လက်ဆစ်များတွင်လည်း
တွေ့ရတတ်ပါသည်။ များသောအားဖြင့် အဝလွန်နေသော သူများတွင် ဖြစ်လေ့ရှိပါတယ်။
ပျောက်ကင်းမည်ဟု အာမခံနိုင်သော ကုသမှုမရှိသေးပါ။ ကိုယ်အလေးချိန်လျှော့ချ
ခြင်းသည် ဤအခြေအနေကို သက်သာစေနိုင်ပါသည်။ Acanthosis nigricans သည် ဆီးချိုသွေးချို ရောဂါမဖြစ်ပွားမည် ကြိုတင်ဖြစ်ပွား တတ်လေ့ရှိပါသည်။
Acanthosis nigricans သည် အင်ဆူလင် ဟော်မုန်းကို တုံ့ပြန်မှုမရှိခြင်း၏
ပြယုဂ်တစ်ခုလည်း ဖြစ်တတ်ပါသည်။
Healthcare.com.mm
Ref:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားအထူးကုဆရာဝန်ကြီး
အရေပြားရောဂါများအကြောင်း တစေ့တစောင်း စာအုပ်မှကောက်နှုတ်ထားပါသည်။

