လွယ်ကူတဲ့ အမာရွတ်ပျောက်နည်း
30-Oct-2016
အမာရွတ်တွေမှေးမှိန်စေချင်ရင် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းကုထုံးလေးတွေရှိပါတယ်။
၁။ သံလွင်ဆီနဲ့ အမာရွတ်ကို ၅ မိနစ်ခန် ့စိမ့်ဝင်အောင်နေ ့စဉ်ပွတ်လိမ်းပေးပါ။
၂။ ရှားစောင်းလက်ပတ်အနှစ်ဖြင့် သေချာ လိမ်းပေးပါ။
၃။ ပျားရည် လူးခြင်းဖြင့် လဲမှေးမှိန်စေပါတယ်။
၄။ Vitamin E ကြွယ်ဝစွာပါဝင်တဲ့ လိုးရှင်း ကိုနေ ့စဉ်နှစ်ကြိမ်ခန် ့လူး ပေးပါ။
စျေးကွက်ထဲမှာ အမာရွတ်လုံးဝ ပျောက်ပါတယ်ဆိုတဲ့ဆေးတွေရှိပါတယ်။ သို ့သော် အများစုက သုံးပြီး မပျောက်ဟုသာ ကြားရပါတယ်။လေဆာနဲ့ကုလျှင်လဲစျေးကြီးပြီးSide effects များ ရှိနိုင်ပါတယ်။ အမာရွတ်အကြောင်းလေးရှင်းပြပါမယ်။ အမာရွတ်ဆိုတဲ့သဘောက လုံးဝအရှင်းပျောက်သွားတာမျိုးမရှိပါ။ အချိန်ကြာလာမှသာ မှေးမှိန်သွားတတ်သောသဘောရှိပါတယ်။ ဒါကြောင့် အမာရွတ် ကုသချင်လျှင် စိတ်ရှည်ပြီး အချိန်များများယူ ရပါမယ်။ အထက်ပါ အိမ်တွင်းကုထုံးလေး များမှာ ရိုးရှင်းလွယ်ကူပြီးဘေးဥပုဒ်ကင်းကင်း သက်သက်သာသာနှင့် ရေရှည်လုပ်ဆောင်နိုင်သည့်အတွက်ဝေမျှလိုက်ပါတယ်ရှင့််
Ref:
Dr.Marie
သိလိုရာမေး online ဆေးခန်း
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

