Print

နားကိုက်တဲ့အခါ

  02-Jan-2022
Preview Image

- ရှေးဦးစွာနားကိုက်ဝေဒနာ သက်သာအောင် ပါရာစီတမောပါဝင်တဲ့

ဆေးတစ်မျိုးမျိုးသောက်ပါ။ ရေနွေးအိတ်ကပ်ပေးပါ။ 

- နားပြည်ယိုခြင်း၊ သငန်ရည်ထွက်ခြင်းများရှိပါက ဂွမ်းစငယ်တစ်ခုနှင့် သန့်စင်ပါ။ နားကျပ်တံ၊ နားကလော်တံ လုံးဝအသုံးမပြုရပါ။

 

- နီးစပ်ရာဆေးခန်းသို့ပြပါ။ နားကိုက်သည့်ပြဿနာသည် စိုးရိမ်ဖွယ်ရာရှိ/မရှိ ဆရာဝန်က အဆုံးအဖြတ်ပေးနိုင်သည်။

 

- ပိုးသတ်ဆေးရယူပါ။ နားပိုးဝင်ခြင်းအတွက် အသုံးများသည့် ပိုးသတ်ဆေးမှာ Amoxicillin ဖြစ်ပါသည်။

 

- မီးခိုးမှန်သမျှရှောင်ပါ။ ဆေးလိပ်ငွေ့မှန်သမျှ၊ မီးခိုးမှန်သမျှ

မရှူမိပါ စေနှင့်။ နှာခေါင်းနှင့်နားဆက်စပ်နေသည့်ပြွန် (Eustachian tube) အတွင်းမီးခိုးကြောင့် ပိတ်ဆို့မှုဖြစ်ပွားလျှင် နားကိုက်ဝေဒနာ ပိုဆိုးတတ်သည်။

 

- ကြက်သွန်ဖြူမှရသောအဆီကို နားထဲသို့နှစ်စက်ခန့်ထည့်ပါ။ ပိုးသေစေသည့် အာနိသင်ရှိသည့်အပြင် နှာခေါင်းနှင့်နားဆက်နေသည့် ပြွန်ကိုပွင့်နေစေရန် အကူအညီ ပေးသည်။

 

- နားကိုက်နေသည့်အချိန်၌ ရေကူးခြင်းရှောင်ပါ။ အနားယူပါ။ လမ်းလျှောက်ခြင်း၊ လှုပ်ရှားမှုပြုခြင်းသည် နားကိုက်ဝေဒနာကို ပိုဆိုးစေသည်။

 

- အရည်များ ထွက်ကျစေရန် ရည်ရွယ်၍ နားကိုက်သည့်ဘက်သို့ စောင်းမအိပ်ပါနှင့်။ ပက်လက်ဖြစ်စေ၊ တစ်ဖက်စောင်းပြီး နားကိုက်သည်ဘက်ကို အပေါ်တွင်ထား၍ဖြစ်စေ အိပ်နိုင်သည်။

 

Ref:ဇော်ကို

Source: wikiHow See less


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, Telenor မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18