Print

ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်ဆီးခြင်း

  20-Jan-2022
Preview Image

ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်ဆီးခြင်း

=====


Diabetic nephropathy ဆိုတာ ဆီးချို သွေးချိူ ရှိတဲ့လူမှာ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကျောက်ကပ်ပျက်ဆီးခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ် ကောင်းကောင်း မထိန်းနိုင်သောအခါ ကျောက်ကပ်ရဲ့ အညစ်အကြေး စွန့်ထုတ်နိုင်စွမ်းကို လျော့နည်းစေမှာပဲဖြစ်ပါတယ်။ တချို့သောသူတွေမှာဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်သွားတတ်ပါတယ်။

အဖြစ်များပါသလား။

ဒီဆီးချိုကြောင့်ကျောက်ကပ်ပျက်တာက အဖြစ်များတယ်လို့ပြောလို့ရပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီး ၄ယောက်မှာ တစ်ယောက်၊ အမျိူးသား ၅ ယောက်မှာဆို တစ်ယောက်လောက် က ကျောက်ကပ်ရောဂါဖြစ်သွားတတ်ကြပါတယ်။

ရောဂါလက္ခဏာများ

ဆီးချို သွေးချို ရောဂါကြောင့် ကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်တော့ရင် ဆီးထဲမှာ အသားဓာတ်များ ဆုံးရှုံးသွားပါလိမ့်မယ်။ ဒါကို အစပိုင်းမှာတော့ သတိထားမိမှာမဟုတ်ဘူး။ နှစ်ရှည်လများကြာလာရင်တော့ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာမှာပဲဖြစ်တယ်။ အရမ်းဆိုးလာရင်တော့ ….

·         ကိုယ်အလေးချိန်လျော့သွားခြင်း

·         အစားအသောက်ပျက်ခြင်း

·         ခြေထောက်ဖောရောင်လာခြင်း

·         မျက်လုံးတစ်ဝိုက်ရောင်ရမ်းလာခြင်း

·         အရေပြားခြောက်သွေ့ယားယံခြင်း

·         ကြွက်တက်ခြင်း

·         မကြာခဏဆီးသွားခြင်း

·         ကိုယ်လက်မောပန်းလာခြင်း စသည်တို့ကို ခံစားရနိုင်ပါတယ်။

ဆီးချိုကြောင့်ကျောက်ကပ်ပျက်ခြင်းကို ပိုမိုဖြစ်စေနိုင်သောအချက်များမှာ

·         ဆီးချိုသက်တမ်းကြာမြင့်လာခြင်း

·         သွေးတွင်းအချိုဓာတ်ကောင်းစွာမထိန်နိုင်ခြင်း

·         သွေးပေါင်တက်ခြင်း

·         ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်း

·         ဆေးလိပ်သောက်ခြင်း တို့ပါဝင်ပါတယ်။

အကယ်၍ အဆိုပါအချက်တွေသင့်မှာရှိနေမယ်ဆို ကျောက်ကပ်ပျက်ဆီးဖို့ အခွင့်အလမ်းပိုများပါတယ်။

ဘယ်လိုကုသမှုခံယူရမလဲ

သွေးတွေ စစ်ဆေးလို့စောလျင်စွာ သိရှိနိုင်မယ်ဆို မှန်ကန်သောကုသမှုတွေနဲ့ ဆိုရင် ပြန်လည် သက်သာလာနိုင်မှာပဲဖြစ်တယ်။ အဓိကကတော့ သွေးချို နှင့် သွေးပေါင်ချိန်ကို ကောင်းစွာ ဆေးဖြင့်ထိန်းနိုင်ရမှာပဲ ဖြစ်တယ်။ ဆေးပုံမှန်မှီဝဲ ယုံမက အစားအသောက်နှင့် လူနေမှုဘဝ အနေအထိုင်ကိုပါဆင်ခြင် ရမှာပဲဖြစ်တယ်။ အရေးကြီးဆုံးက တော့ အထူးကုဆရာဝန် သမားတော်များ နှင့် ရောဂါကိုမှန်ကန်စွာ စောလျင်စွာ ကုသမှုခံယူမည် ဆိုရင်တော့ အလွန်ဆိုးဆိုးရွားရွား ဖြစ်လာမှာမဟုတ်ပါဘူး။

ဒေါက်တာသီဟဇော်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18