Print

H1N1 (Swin Flu) ကာကွယ်နည်း

  23-Nov-2021
Preview Image

(၁) ဗဟိုကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) ၏ ထုတ်ပြန်ချက်အရ အသက် (၆) နှသ်အရွယ်မှစ၍ တုပ်ကွေးကွာကွယ်ဆေးထိုးပါ။ အဆိုပါကာကွယ်ဆေးသည် H1N1 သာမက ရာသီပေါ်တုပ်ကွေး ၂ မျိုးယ ၃ မျိုးကိုပါ ကာကွယ်နိုင်ပါသည်။ တစ်နှစ်တစ်ကြိမ်ထိုးရန်လိုပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများနှင့် တုပ်ကွေးမကြာခဏဖြစ်တတ်သူများ ပို၍ထိုးသင့်ပါသည်။

(၂) ချောင်းဆိုး၊ နှာစေး၊ ဖျားနာခြင်းများဖြစ်လျှင် အိမ်တွင်နေထိုင်ပါ။ အခြားသူများကို ကူးစက်နိုင်သောကြောင့် အဖျားပျောက်ပြီး အနည်းဆုံး ၄၈ နာရီအထိ အိမ်တွင်နေထိုင်ပါ။ သို့မဟုတ် လူထူထပ်သောနေရာသို့ မသွားပါနှင့်။

(၃) လက်ကို ဆပ်ပြာဖြင့် မကြာခဏသန့်စင်အောင်ဆေးပါ။ လက်ဆေးရန်အဆင်မပြေရင် Alcohol – based hend sanizer (လက်ဆေးအဆီ) နှင့် လည်းဆေးနိုင်ပါသည်။

(၄) ချောင်းဆိုး၊ နှာချေသည့်အခါ မိမိနှာခေါင်း ပါးစပ်ကိုလုံခြုံစွာအုပ်ထားပါ။ အုပ်ရာတွင်လည်း နှာခေါင်းစည်း (eg.N 95 face mask) ဖြင့်အုပ်ပါ။ နှာခေါင်းစည်၊ အလွယ်တကူ မရနိုင်လျှင် တစ်ရှုးဖြင့်အုပ်ပါ။ လက်ဖြင့်မအုပ်ပါနှင့်။ လက်တွင်ပိုးများ ကပ်ပါသွားနိုင်သောကြောင့်ဖြစ်သည်။ 

(၅) လူထူထပ်သောနေရာများကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါသည်များ၊ ကိုယ်ခံအားမကောင်းသူများ။

(၆) ရေများများသောက်ပါ။ ရေဓာတ်ဆုံးရှုံးလျှင် ရောဂါအခြေအနေပိုဆိုးနိုင်ပါသည်။

(၇) တုပ်ကွေးရောဂါလက္ခဏာပြပြီး ပုံမှန်ဆေးကုသ၍ ၂ ရက်အထက်မှ မသက်သာလျှင် နီးစပ်ရာဆေးရုံသို့ အချိန်မှီအမြန်ဆုံးသွားရောက်ရမည် ဖြစ်ပါသည်။


Credit: Hnin

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18