Print

အကောင်းဆုံးကိုယ်ဝန်ဆောင်အားဆေး

  06-Jul-2021
Preview Image

ကိုယ်ဝန်ဆောင်အားဆေးများ အမျိုးမျိုးရှိသည်။ နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံတို့နှင့် တိုင်းပြည်မျိုးစုံတို့မှ ထုတ်လုပ်ရောင်းချကြသည်။ မည်သို့ပင်ဖြစ်စေ၊ အဓိကအားဖြင့် သံဓာတ်၊ ဖောလစ်အက်ဆစ်နှင့် ဗီတာမင်အချို့နှင့် သတ္တုဓာတ်တချို့ ပါဝင်ကြသည်။ ဗီတာမင်ဓာတ်တချို့နှင့် သတ္တုဓာတ်အချို့မှာ ကိုယ်ဝန်ဆောင်မိခင် စားသုံးသော အစားအစာများတွင် စုံလင်မှု (Well Balanced) မဖြစ်ပါက ချို့တဲ့နေမည်ဖြစ်သဖြင့်ပေါင်းစပ်ပေးထားခြင်းဖြစ်သည်။ အခြေခံအနေနှင့် (Well Balanced Diet) စားသုံးနေပါက မရှိမဖြစ်ပေးရမည့်နှစ်မျိုးသည် သံဓာတ်နှင့် ဖောလစ်အက်ဆစ်ဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဇီဝကမ္မပြောင်းလဲမှုကြောင့် သွေးကျဲလာကာ သံဓာတ်နည်းသဖြင့် ဖြည့်စွက်ပေးရခြင်းဖြစ်သည်။ သန္ဓေသား၏ ကလာပ်စည်းများ ကြီးထွားမှုနှင့် ဖောက်ပြန်မှု နည်းပါးရန်အတွက် ဖောလစ်အက်ဆစ်ပေး ရသည်။ ဖောလစ်အက်ဆစ်သည် ကိုယ်အင်္ဂါနှင့် အာရုံကြောဆိုင်ရာ အင်္ဂါများ မူမှန်ဖြစ်ပေါ်ရန်နှင့် ကြီးထွားရန်၊ ဖောက်ပြန်မှု ထိန်းသိမ်းကာကွယ်ရန်အတွက် အရေးကြီးလှပါသည်။ သိပ္ပံနှင့်သုတေသန တွေ့ရှိချက်များအရ ကိုယ်ဝန်ယူတော့မည်ဟု ခန့်မှန်းသည့်အချိန်ထက်ပင်စော၍ သောက်ထားရန်လိုပြီး ကိုယ်ဝန်ရှိစမှတစ်လျှောက်လုံးသောက်သုံးရန် အဆိုပြုညွှန်ကြားထားသော ဆေးဖြစ်သည်။

 

Credit: ပါမောက္ခဒေါက်တာမြင့်မောင်မောင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18