Print

ကလေးမရနိုင်သည့်အကြောင်းအရင်းများ

  16-Mar-2021
Preview Image

အများစု ကလေးမရနိုင်သော အသက်အပိုင်အခြား သည် ယောကျ်ားနှင့် မိန်းမများတွင် ပျှမ်းမျှခြင်း ၂၅ နှစ်ဟုဆိုပါသည်။ ယင်းအသက်နောက် ပိုင်းတွင် ကလေးရနိုင်သည့် အခြေအနေမှာ လျှော့နည်းကျဆင်းလာရာ အမျိုးသမီးများတွင် အထူးသဖြင့် အသက် ၃၀ နှစ်ကျော်လျှင် လျင်မြန်စွာ ကျဆင်းသွားတတ်သည်။

ကလေးမရနိုင်ခြင်းမှာ အမျိုးသမီးတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည်ဟု မဆိုနိုင်ပေ။ ဇနီးမောင်နှံတို့သည် ပွင့်လင်းပြတ်သားဖို့ လိုပေသည်။ ဆရာဝန်ကလည်း အခြေအနေကို အထူးဂရုစိုက်စွာ ကိုင်တွယ်ရန်လိုပေသည်။

ယောကျ်ားများတွင် ကလေးမရနိုင်သည့် အကြောင်းအရာများကို သိရှိပြီး ရှောင် ကြဉ်အပ်သည်များကို ရှောင်ရန်လိုပါသည်။ ကလေးရနိုင်သည့် အသက်ပိုင်းတွင် သန္ဓေတားခြင်းများကို ရှောင်သင့်လှသည်။ မည်သည့် အကာအကွယ်ကိုမှမယူဘဲ တစ်နှစ်ကြာသော်လည်း ကလေးမရနိုင်ပါက ဆိုင်းငံ့ခြင်းမရှိဘဲ လိုအပ်သော စမ်းသပ်စစ်ဆေးချက်များကို ပြုလုပ်ရန် လိုပါသည်။

ဆက်တိုက်ဆောင်ရွက်ရန်လိုပါသည်။ ပြတ်တောက်သွားပြီး ပြန်လည် စတင်ခြင်းဖြင့် အသက်ကြီးလာခြင်း၊ သုက်ရည် အခြေအနေမှာလည်း လျော့နည်းကျဆင်းလာခြင်း ရှိတတ်ပေရာ ကလေးရနိုင်မှု အခြေအနေမှာ ခက်ခဲဝေးကွာသွားနိုင်ပါသည်။


Credit: ဒေါက်တာလဲ့လဲ့ဝင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18