Print

မိန်းကလေးတွေ ပန်းသီးစားပါက လိင်စိတ်ပိုထပြီး ကာမအားကြွ

  25-Dec-2020
Preview Image

ပန်းသီးစားသုံးခြင်းဟာ လူတွေရဲ့ကျန်းမာရေးကို များစွာ အထောက်အကူပြု စေ တယ်လို့ သိရပါတယ်။ ပန်းသီးဟာ ကယ်လိုရီဓာတ် နည်းပါး တဲ့ အစားအစာ ဖြစ်တာမို့ တစ်နေ့တစ်လံုံး စားသုံးပေးပါက နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်း သက်သာစေ ပါတယ်။ အသက် (၅၀) ကျော်တဲ့ သူတွေဟာ ပန်းသီးကိုနေ့စဉ် စားသုံးပေးပါက အဆီလျော့ကျစေတဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။

ပန်းသီးကို နေ့စဉ် စားသုံးပေးခြင်းကြောင့် ဆရာဝန်ကို တောင် ခေါ်စရာ မလိုဘူး လို့ လေ့လာသူတွေက ညွှန်းဆို ခဲ့ကြပါတယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက် အရ ပန်းသီး စားသုံးတဲ့ အမျိုးသမီးတွေ ဟာ လိင် စိတ်နိုးကြားမှုကို ပိုမိုဖြစ်စေတယ်လို့ သိရပါတယ်။

ပန်းသီး စားသုံးခြင်းကြောင့် လှပတဲ့ အမျိုးသမီးတွေဟာ ပန်းသီးမစားတဲ့ အမျိုးသမီးတွေထက် ပိုမို ကျန်းမာတဲ့အပြင် လိင်စိတ်နိုးကြွမှု ကိုလည်း ပိုမိုလေ့ရှိတယ်လို့ ဆိုထားပါတယ်။ အသက် (၁၈)နှစ် ကနေ (၄၃)နှစ် အရွယ်ကြားရှိ အမျိုးသမီး (၇၃၁) ဦးကို စစ်တမ်း ကောက်ယူပြီး လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေကို အုပ်စုနှစ်စုခွဲပြီး တစ်စုက ပန်းသီး တစ်နေ့ကို တစ်လုံးစားသုံးသူ၊ တစ်စုက ပန်းသီးကို လုံးဝမစားသုံးသူဆိုပြီး ခွဲခြားခဲ့ပါတယ်။ ဒီနောက် မေးခွန်းတွေ ကို ဖြေကြားခိုင်းရာ ပန်းသီးစားတဲ့သူဟာ လိင်ကိစ္စတွေမှာ ပိုမိုစိတ်အားထက် သန်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။


Credit : The Messenger


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18