Print

ကလေးများနှင့် မတော်တဆအန္တရာယ်

  07-Dec-2020
Preview Image

မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ကလေးများ မတော်တဆ အန္တရာယ်နှင့် မတွေ့ကြုံရအောင် အောက်ပါအချက်အလက်များကို ဂရုစိုက်ပါ။

၁။ ကလေးများ ကစားရာတွင် မိဘ (သို့) အုပ်ထိန်းသူတစ်ဦး အနားမှာရှိပါစေ။ ဖိနပ်စီး၍ ကစားပါစေ။ ကလေးအချင်းချင်း ထိခိုက်စေမည့် ကစားနည်းများကို မကစားခိုင်းပါနှင့်။

၂။ ကလေးများ အမြင့်မတက်အောင် သတိပေးပါ။ လှေကားအဆင်းအတက်လုပ်ရာတွင် ကလေးများ၏ အနီးအနားတွင် လူကြီးတစ်ဦးရှိပါစေ၊ ကူညီပေးပါ။

၃။ အိမ်တွင်ကလေးများသောက်လျှင် အန္တရာယ်ဖြစ်စေနိုင်သည့် ဆေးရည်၊ အက်ဆစ်ပုလင်း၊ သောက်ဆေးအမျိုးမျိုးတို့ကို ပုလင်းများတွင် လုံခြုံစွာသိမ်းဆည်းပြီး ကလေးများ လက်လှမ်းမမီသော အမြင့်တွင်ထားပါ။

၄။ အိမ်သုံးဆေးများကို ဆေးပုလင်းများတွင် ဆေးဝါးအမည် မှန်ကန်စွာရေးထားပြီးမှ ထည့်သိမ်းထားပါ။ ဆေးဗီရိုငယ်များတွင်ထားပါက သော့ခတ်ထားပါ။

၅။ ကလေးများ အပူမလောင်အောင် ထမင်းဟင်းချက်စဉ် မီးဖိုချောင်ထဲ ခေါ်မထားပါနှင့်။ ရေနွေးအိုး၊ ဓာတ်ဘူး၊ ဖယောင်းတိုင်များကို မကိုင်ပါစေနှင့်။

၆။ စက်ဘီးနောက်ခုံတွင် ကလေးများကို တင်ခေါ်သွားပါက သတိထားပါ။ ၎င်းခြေထောက်လေးများသည် စက်ဘီးစပုတ်တံကြားထဲတွင် မတော်တဆ ညပ်ဝင်သွားနိုင်ပါသည်။ စက်ဘီးဘေးအကာများ တပ်ထားလျှင် စိတ်ချရပါသည်။

၇။ ကလေးများ ပစ္စည်းပစ္စယများကို နား၊ နှာခေါင်းထဲ မထည့်ရန်ပြောပါ။ တွေ့ရာ ပစ္စည်းများကို မျိုမချရန် သတိပေးပါ။

၈။ ခွေး၊ ကြောင်စသည့် တိရိစ္ဆာန်များအနီးသို့ ကလေးများကို မသွားပါစေနှင့်။ ၎င်းတို့အား မစပါစေနှင့်။


Credit : ဒေါက်တာလှဖေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18