မော်တော်ကားတာယာကြောင့် အဆုတ်ထိခိုက်နိုင်
24-Sep-2017
ကားတာယာမှ ထွက်ရှိလာသော မမြင်နိုင်သည့် အမှုန်အမွှားတွေက အဆုတ်ကို ထိခိုက်နိူင်တယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။ မော်တော်ကား တာယာမှာ အမည်းရောင်ကာဗွန် နာနိုအမှုန် အမွှားတွေက သိသာတဲ့ပမာဏ ပါဝင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကာဗွန်အမည်းအမှုန်တွေက ဆေးလိပ်သောက်သူတွေမှာလိုမျိုး DNA ပျက်စီးမှုနဲ့ အဆုတ်ပွရောဂါ ရရှိနိုင်တယ်လို့ သိရပါတယ်။ ဆေးလိပ်နဲ့ဆက်စပ်တဲ့ အဆုတ်ပျက်စီးမှုဟာ ကုသလို့မပျောက်ကင်းနိုင်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ နာနိုအမှုန်လေးတွေကို အဆုတ်က စုပ်ယူလိုက်တဲ့အခါမှာ ပြန်လည်ဖယ်ရှားဖို့ မဖြစ်နိုင်တော့လို့ပါ။ နာနိုအမှုန်လေးတွေကို လူ့မျက်စိနဲ့ မမြင်ရနိုင်ပါဘူး။ သူတို့က ၃၀-၄၀ နာနိုမီတာသာ အကျယ်ရှိလို့ပါ။ လူရဲ့ဆံခြည်မျှင်က ၁၀၀၀၀၀ နာနိုမိုတာ အကျယ်ရှိပါတယ်။ နာနိုအမှုန်အမွှားတွေက အဆုတ်ကို ပျက်စီးမှုဖြစ်စေ ရုံမကပါဘူး။ ခုခံအားစနစ်မှာ စုဆောင်းမှုဖြစ်စေပြီး DNA ပါ ပျက်စီးသွားတတ်ပါတယ်။ ဒီအမှုန်တွေက လူရဲ့ DNA ကို နှစ်ခြမ်းကွဲသွားစေတာကြောင့် ပြုြုပင်ဖို့ အလွန်ခက်ခဲသွားကာ နာတာရှည်အဆုတ်ရောင်ရမ်းမှုတွေ၊ အဆုတ်ပွကာ အသက်ရှူမဝတာတွေ ဖြစ်တတ်ပါတယ်။ ကာဗွန်အမည်းအမှုန်တွေက သေးငယ်လေလေ၊ အဆိပ်အတောက်ပိုဖြစ်လေလေလို့ သိရပါတယ်။
Credit:
Arogyam magazine
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

