Print

သကြားနှင့် ဆီးချိုသွေးချိုရောဂါ

  24-Nov-2020
Preview Image

လူတစ်ယောက်ဟာ သကြားများများစားရုံနှင့် ဆီးချိုရောဂါ ဖြစ်လာလိမ့်မည်လို့ ထင်နေကြသူတွေရှိပါတယ်။ ဒါဟာမမှန်ပါဘူး။ ဆီးချိုသွေးချိုမရှိတဲ့ လူတစ်ယောက်ဟာ သကြား အစားများရုံနှင့် ဆီးချိုရောဂါ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် ဆီးချိုရောဂါရှိနေသူ တစ်ယောက်အနေနဲ့တော့ သကြားစားရမှာ ဆင်ခြင်ဖို့လိုပါတယ်။ သကြားသာမကပါဘူး။ ကာဗိုဟိုက်ဒြိတ်ကြွယ်ဝတဲ့ အခြားအစားအစာတွေကိုလည်း ဆင်ဆင်ခြင်ခြင် စားသုံး ရပါမယ်။ တစ်ခုတော့ ရှိပါတယ်။ သကြားစားလို့ပဲဖြစ်ဖြစ်၊ ဘာစားလို့ပဲဖြစ်ဖြစ်၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုသွားရင်တော့ ဆီးချိုသွေးချိုဖြစ်ဖို့ အန္တရာယ်ပိုပြီး များလာပါတယ်။

ခုထိတော့ ကယ်လိုရီအစားများခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ဟာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ သိထားပါတယ်။
ဒါဆိုရင် ဆီးချိုသွေးချို မရှိသူတွေသကြားကို ကြိုက်သလောက် စားနိုင်ပါသလား လို့ မေးစရာရှိပါတယ်။ တိုတိုဖြေရရင် မစားသင့်ပါဘူး။ ဆင်ဆင်ခြင်ခြင်စားသင့်ပါတယ်။ သကြားကြောင့် ဆီးချိုဖြစ်မလာပေမယ့် သကြားကရတဲ့ ကယ်လိုရီကြောင့် အဝလွန်ပြီး ဆီးချိုသွေးချိုရောဂါ ရလာနိုင်ပါတယ်။ ဆွေမျိုးထဲမှာ ဆီးချိုဝေဒနာရှင်ရှိသူတွေ ပိုပြီး ဆင်ခြင်သင့်ပါတယ်။


Credit : ဒေါက်တာလှကြည်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18