Print

နေ့ခင်းတစ်ရေးအိပ်သော ကလေးများမှတ်ဉာဏ်ပိုကောင်းပြီး သင်ယူလေ့လာနိုင်စွမ်...

  18-Oct-2020
Preview Image

နေ့ခင်းတစ်ရေးအိပ်ခြင်းသည် မွေးကင်းစကလေးများနှင့် လမ်းလျှောက် တတ်စ အရွယ်ကလေးများ၏ ဦးနှောက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးပါကြောင်း သိရှိ ပြီးဖြစ်သည်။ ယခုအခါ နေ့ခင်းတစ်ရေး အိပ်ခြင်းဖြင့် ကလေးတို့၏ မှတ်ဉာဏ်ကောင်း မွန်စေရန် ကူညီနိုင်ကြောင်း သိပ္ပံပညာရှင်တို့က ယုံကြည်ထားကြသည်။

အသက်တစ်နှစ်အရွယ် ကလေးတို့ဖွံ့ဖြိုးမှုနှင့် အိပ်စက်ခြင်းအကြား ဆက်နွှယ်မှု တစ်ခုရှိကြောင်း ဂျာမနီဘော့ချန်းတက္ကသိုလ်နှင့် ရှက်ဖီးတက္ကသိုလ်အသင်း၏ လေ့လာမှု အရ ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ တစ်နေ့လျှင် နာရီဝက်ကြာ တစ်ရေးအိပ်ခြင်းဖြင့် ကလေးတို့၏ မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး လေ့လာနိုင်သော အရည်အချင်းသစ်များကို ထိန်းသိမ်းထားနိုင်ကြောင်း လေ့လာမှုအရ သိရသည်။

အသက် ၆ လနှင့် ၁၂ လကြား ကျန်းမာသော ကလေး၂၁၆ ဦးအားလေ့လာ ပြီး လေ့လာမှုစွမ်းရည်ရှိ၊ မရှိ စမ်းသပ်ခဲ့ရာ အနည်းဆုံးနာရီဝက်ခန့် တစ်ရေးအိပ်သူ ကလေးများသည် လေးနာရီအတွင်း သင်ခန်းစာအသစ်များကို လေ့လာနိုင်စွမ်းမြင့်မား
ကြောင်း တွေ့ရှိခဲ့ရသည်။ နေ့စဉ် တစ်ရေးအိပ်ခြင်းဖြင့် ကလေးများတွင် လေ့လာနိုင်စွမ်း
ကို ပိုမိုကောင်းမွန်စေကြောင်း၊ အိပ်ရာမဝင်မီ စာဖတ်ခြင်းကဲ့သို့သော တန်ဖိုးရှိသည့် အပြုအမူများကို လုပ်ဆောင်ခြင်းဖြင့် အရွယ်ရောက်ချိန်တွင် သိသာသောမှတ်ဉာဏ်
ကောင်းမွန်မှုရှိကြောင်း လေ့လာမှုအရသိရသည်။

Credit : Arogyam magazine

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18