Print

ပါးစပ်အနာ ချက်ချင်းသက်သာစေနည်

  02-Oct-2020
Preview Image

ပါးစပ်အနာပေါက်တာကို canker sore ခေါ်တယ်။ ပါးစပ်နာဖြစ်ရင် တော်ရုံနဲ့ မပျောက်ဘဲ ရက်အနည်းငယ်ကြာတတ်တာ သတိပြုမိလိမ့်မယ်။ အဆိုးဆုံးက အစားစား လို့မရအောင်ထိ နာနေတတ်တာပါ။ တချို့က ရက်သတ္တပတ်အနည်းငယ်ထိ ကြာတတ်တယ်။ လိမ်းဆေးတွေတော့ရှိတယ်။ စတီးရွိုက်ဆေးတွေအသုံးများတယ်။ အခုပြောမယ့်နည်းက ပိုလွယ်တယ်။ ပျောက်တာမြန်တယ်။

ဘာလုပ်မလဲ


ကျောက်ချဉ်မှုန့်က ပါးစပ်အနာတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အနာဖြစ်တဲ့နေရာက အစိုဓာတ်ကို စုပ်ယူလိုက်လို့ပါပဲ။ ကျောက်ချဉ်ခဲ တခုကို ညက်အောင်ထောင်းပြီး လက်တဆိတ်စာ ပမာဏကိုယူပြီး ပါးစပ်နာရှိတဲ့နေရာကို သိပ်ပေးပါ။ ပေးစမှာ အရသာ နည်းနည်းတော့ ချဉ်တတ်တယ်။ တံတွေးမမျိုပါနဲ့။

တစ်မိနစ်ကြာအောင် ထားပါ။ တစ်မိနစ်ပြည့်တာနဲ့ တံတွေးနဲ့အတူ ထွေးထုတ် လိုက်ပါ။ (သို့သော် ရေနဲ့ ပလုတ်ကျင်းဖို့ မကြိုးစားနဲ့၊ အာနိသင်နည်းသွားမယ်။ ) ၂၄နာရီပြည့်တဲ့ထိ မသက်သာရင် နောက်တကြိမ်ထပ်လုပ်ပါ။ ပုံမှန်အားဖြင့် ကျောက်ချဉ်သိပ်ပြီး ၈နာရီအတွင်း နာကျင်တာတွေသက်သာကြတယ်။ အများစု (၂)ရက်အတွင်း ပျောက်ကင်းကြပါတယ်။


Credit : ဒေါက်တာ အေးမင်းထူး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18