အသည်းကင်ဆာဆိုတာ
19-Jun-2017
အသည်းကင်ဆာဆိုတာ အသည်းမှာ ဆဲလ်တွေ ထိန်းချုပ်လို့ မရဘဲပွားများလာတာကို ခေါ်တာပါ။ ဖြစ်ပွားရသော အကြောင်းအရင်း ကတော့ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးကူးစက်မှုများ၊ အရက်သောက်ရာကနေ အသည်းအဆီဖုံးတာတွေ၊ အသည်းခြောက်တာတွေကနေ အသည်းကင်ဆာကို ပြောင်းသွားခြင်း၊ Aflatoxinမှိုပါသောအစားအစာများ (မြေပဲမှို၊ ငရုတ်သီးမှို) စားသုံးခြင်းကြောင့်လဲ အသည်းကင်ဆာ ဖြစ်စေပါတယ်။
အသည်းမှာ ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် ယေဘုယအနေဖြင့် လူနာကအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာမျိုတွေဖြစ်တဲ့ အန်တာ၊ အစားအသောက်ပျက်တာ၊စားချင်စိတ်မရှိတာ၊ ကိုယ်အလေးချိန်နည်းနည်းကျတာ၊ အလိုလိုနေရင်းနုံးတာ၊ မအီမသာတွေဖြစ်တတ်ပါတယ်။ မျက်လုံးနည်းနည်းဝါလာတယ်၊ ဆီးဝါလာတယ်၊ ဝမ်းသွားရင်ဖြူရော်ရော်တွေဖြစ်တယ်။ အရေပြားတွေနည်းနည်း ယားယံတာမျိုးတွေခံစားရတက်ပါတယ်။ အသည်းကင်ဆာရှိသူလူနာကို စမ်းသပ်ကြည့်ရင် အသည်းကြီးနေတာမျိုးကိုတွေ့ရတက်ပါတယ်။
အစားအသောက်ပျက်ရင်လည်း သွေးဖြူဥနည်းတတ်တယ်။ သွေးနီဥပိုများလာတယ်။ သွေးထဲမှာ Tumor Marker လို့ ခေါ်တဲ့အသည်းကင်ဆာရဲ့ ဖြစ်နှုန်းကိုAlpha Fetoprotein (AFP) စစ်ခြင်းဖြင့်သိနိုင်ပါတယ်။ အာထရာဆောင်း ရိုက်ခြင်းဖြင့် အသည်းအခြေအနေကို သိရှိနိုင်ပါတယ်။ အာတရာဆောင်းကအလုံးနည်းနည်းသေးတယ်၊ စင်တီမီတာလည်း နည်းသေးတယ်ဆိုရင် နောက်ပိုင်းပေါ်တဲ့ CT ဆို ပိုပြီးတွေ့နိုင်ပါတယ်။
ကုသခြင်းအနေနဲ့ အသည်းမှာ တစ်စင်တီမီတာထက်လည်း နည်းနည်းငယ်တယ်၊ တစ်နေရာတည်းမှာဖြစ်တယ်ဆိုရင် အသည်းကို ခွဲစိတ်ဖြတ်ထုတ်ပြီး ကုသလို့ရပါတယ်။ Lobeတစ်ခုထဲဖြစ်ရင်တော့ Lobe တစ်ခုလုံးကို ဖြတ်ထုတ်လို့ရပါတယ်။ ဘီပိုး၊ စီပိုး နဲ့ အရက်ကြောင့် ဖြစ်တာတွေကို ခွဲစိတ်ကုသပြီးရင် ဆေးသွင်းပြီးကုသရပါတယ်။ အခုနောက်ပိုင်းမှာတော့ ကင်ဆာဖြစ်တဲ့ ဆဲလ်တွေကိုပဲရွေးပြီး ကုသ(Targeted Molecular Therapy) Sorefenib လို ဆေးမျိုးတွေသုံးလာကြသည်။
Crd: ပါမောက္ခ ဒေါက်တာစိန်လင်း ( ခွဲစိတ်နှင့် ကင်ဆာပါရဂှု )
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
