Print

နာတာရှည်ချောင်းဆိုးခြင်း

  04-Jul-2020
Preview Image

နာတာရှည် ချောင်းဆိုးတာကို ဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတွေကတော့ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်လို့ဖြစ်တဲ့ နှာမြှေးရောင်ရမ်းတာ၊ နှာခေါင်းအတွင်း လေ
ဂလိုဏ်ခေါင်းတွေ ရောဂါပိုးဝင်တာနဲ့ Gastroesophageal Reflux တို့ကြောင့်ဖြစ်တတ် ပါတယ်။

စီးကရက်၊ ဆေးပေါ့လိပ်သောက်ခြင်း


ဆေးလိပ်သောက်ခြင်းဟာ နာတာရှည်ချောင်းဆိုးစေတဲ့ အဓိကအကြောင်း အရင်း ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး အသက်ရှူလို့မဝတာ၊ ပင်ပန်းကြီးစွာ အသက်ရှူရတာ စတဲ့လက္ခဏာတွေနဲ့ တွေ့ရတတ်
ပါတယ်။ တချို့ ပန်းနာရင်ကျပ်ရောဂါသည်တွေဟာ နာတာရှည်ချောင်းဆိုးတာကို ခံစား ရလေ့ရှိပြီး ဒါကို Cough-variant Asthma လို့ ခေါ်ပါတယ်။ ပန်းနာရင်ကျပ်တာဟာ ရာသီဥတုအေးတဲ့အခါ၊ ညစ်ညမ်းတဲ့ လေထုမှာပါလာတဲ့ အမှုန်အမွှားတွေ ရှူရှိုက်မိ တာ၊ ရေမွှေးအနံ့၊ မီးခိုးငွေ့စတာတွေကြောင့် အခြေအနေ ပိုဆိုးတတ်လို့ သတိထား ပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ် (မှို) တွေကြောင့်
ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာများတော့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသဖို့ခက်ခဲပါတယ်။ ပန်းနာရင်ကျပ်ရောဂါသည်တွေမှာတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ Upper Respiratory ရောဂါနဲ့ နာတာရှည် ချောင်းဆိုးတာကို တွဲပြီး တွေ့ရတတ်ပါတယ်။

Mycoplasma သို့မဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်သော နမိုးနီးယား

ဒီရောဂါဟာ နာတာရှည် ချောင်းဆိုးတာအပြင် မောပန်းနွမ်းနယ်တာ၊ အားနည်းတာ၊ အသက်ရှူကျပ်တာနဲ့ ချောင်းဆိုးတဲ့အခါ သလိပ်ထွက်တာ စတဲ့လက္ခဏာတွေ တွဲဖြစ် တာတွေ့ ရပါတယ်။ Walking Pneumonia လို့ခေါ်ပြီး ငယ်ရွယ်ကျန်းမာတဲ့ သူတွေမှာ ဖြစ်တာများပါတယ်။

ကြက်ညှာချောင်းဆိုးရောဂါ


ကြက်ညှာချောင်းဆိုးရောဂါက Bordetella Pertussis လို့ခေါ်တဲ့
ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး ကူးစက်နှုန်းမြင့်မားတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ တစ်ခုဖြစ်ပါတယ်။ ဒီရောဂါဟာ မွေးကင်းစ အရွယ်နဲ့ ကလေးတွေမှာ
တွေ့ရတတ်ပေမယ့် ကာကွယ်ဆေးရှိတာကြောင့် ကြိုတင်ထိုးထားနိုင်ပါတယ်။ ဒါပေမဲ့ အရွယ်ရောက်တဲ့သူတွေမှာတော့ ကြက်ညှာချောင်းဆိုးတာဟာ နာတာရှည်ချောင်း
ဆိုးတာရဲ့ အကြောင်းအရင်း တစ်ခုဖြစ်နိုင်ပါတယ်။


Credit : အိဖြူ (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18