Print

တက်တူး သို့မဟုတ် အရေပြားဆေးမင်

  28-Jun-2020
Preview Image

ဆေးမင်ထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးရင် သိထားဖို့က ဒါဟာနာကျင်တယ်၊ အရေပြားကို ဖောက်မယ်၊ သွေးထွက်မယ်ဆိုတာပါ။ ဒါကြောင့် တက်တူးဆိုင်ဟာ ဆေးခန်းတွေလို မှတ်ပုံတင်ထားဖို့ လိုအပ်တယ်။

ဒီအချက်တွေကိုဂရုစိုက်ပါ

ဆေးမင်မထိုးခင် ညမှာနဲ့ ထိုးတဲ့နေ့မှာ အက်စပရင်လို အကိုက်အခဲ
ပျောက်ဆေးနဲ့ အရက်၊ ဘီယာမသောက်ပါနဲ့။ ဖျားရင်၊ နေမကောင်းရင် မထိုးပါနဲ့ဦး။ အပ်ဟာ တစ်ခါသုံးအပ် ဟုတ်မဟုတ်၊ ကိုယ့်ရှေ့မှာဖောက်တာ သေချာပါစေ။ ဆိုင်ဟာလည်း သန့်ရှင်းနေပါစေ။ ထိုးပေးမယ့် သူဟာ အရင်ဆုံး လက်ဆေးရမယ်။ လက်အိတ်ဝတ်ရမယ်။

ထိုးမယ့်နေရာ ထိုင်ခင်းတစ်ဝိုက်ဟာ အမှုန်တွေ၊ ဖုန်တွေ မဝင်ရဘူး။ ဘူးခွံတွေ၊ ပစ္စည်းတွေနဲ့ ရှုပ်ပွမနေရဘူး။ သုံးမယ့်မင်အမျိုးစား၊ အရောင်၊ ထုတ်လုပ်တဲ့ ကုမ္ပဏီ စတာတွေကို စစ်ဆေးလို့ရရင် အကောင်းဆုံးပဲ။ ဆေးမင်ကို သင်္ဘောဆေး စတာတွေနဲ့ ရောနှောထိုးကြတာရှိလို့ပါ။ ဆေးမင်ထိုးပြီးရင် အရေပြားကို သန့်ရှင်းပေးရမယ်။ ပိုးသတ်ဆေး လိမ်းပေးရမယ်။ ဒါတွေကို ဂရုမစိုက်ရင် နောက်မှာ ဆက်ရေးမယ့် ဆိုးကျိုးတွေဖြစ်နိုင်တယ်။

ပိုးဝင်ခြင်း

ဘယ်လိုတက်တူး အမျိုးအစားပဲဖြစ်ဖြစ် ဘေးအန္တရာယ်ကတော့ ရှိတယ်။ အဆိုးဆုံးကတော့ အိပ်ချ်အိုင်ဗွီနဲ့ အသည်းရောင် ဘီ၊ စီ၊ စတဲ့ ရောဂါပိုးတွေ မသန့်ရှင်းတဲ့အပ်ကနေ တစ်ဆင့် ကူးစက်ခံရတာပါ။

အလာဂျစ်ဖြစ်ခြင်း


လူတချို့ဟာ တက်တူးမှာ သုံးတဲ့မင်ကို အလာဂျစ်ဖြစ်တတ်တယ်။ အထူးသဖြင့် အနီရောင်မင်ပါ။

ဆေးမင်ကို ပြန်ဖျက်လို့ရလား

ဆေးမင်တွေကို ပြန်ဖျက်လို့ ရတယ်။ ကာလာဆေးမင်ထက်စာရင် အနက်ကဖျက်ရတာ ပိုလွယ်တယ်။ ဖျက်ပြီးရင် အသားအရောင် မညီတာမျိုးတော့
ဖြစ်တတ်တယ်။

Credit : ဒေါက်တာစိုးဝင်းဦး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18