Print

စိတ်ကျန်းမာရေး အခြေအနေသည် နှလုံးအပေါ် သက်ရောက်မှုရှိ

  09-Jun-2020
Preview Image

စိတ်ကျန်းမာရေး အခြေအနေသည် နှလုံးအပေါ် သက်ရောက်မှုရှိစိတ်ဓာတ် ကျတာ၊ ပူပင်သောက များတာနဲ့ နှလုံးရောဂါ အကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက များတာဟာ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အဓိက အချက်တစ်ခုဖြစ်ကြောင်း သိရ ပါတယ်။


ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံ၊ ကိုယ်လက် လှုပ်ရှားမှု မရှိတာနဲ့ အသက်ကြီးတာစတဲ့ အချက်တွေကသာ နှလုံးရောဂါ ဖြစ်စေနိုင် ရုံမကဘဲ စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာတို့လို စိတ်ကျန်းမာရေး အခြေအနေတွေ ဟာလည်း
နှလုံးရောဂါနဲ့ ဆက်နွှယ်မှု ရှိနေကြောင်း သက်လတ်ပိုင်း အမျိုးသမီးတွေကို ၁၅နှစ်ကြာ
လေ့လာမှုအရ သိခဲ့ရတာ ဖြစ်ပါတယ်။

ဒီလေ့လာမှုအရ အထူးသဖြင့် နှလုံးရောဂါ မျိုးရိုးရှိသူတွေ အနေနဲ့ စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများ တာတို့ကို နာ တာရှည်သဖွယ် ခံစားနေရရင် နှလုံးကျန်းမာရေး မထိခိုက်ခင် သက်ဆိုင်ရာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံ
ဆွေးနွေးကာ ကုသမှုခံယူဖို့လိုအပ်ကြောင်း မီးမောင်း ထိုးပြထား ပါတယ်။

Credit : Good Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18