Print

ရုတ်တရက် နားလေးတာဖြစ်ရတဲ့ အကြောင်းရင်း

  01-May-2020
Preview Image

အဓိက နားလေးရတဲ့ အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တယ်။ များသောအားဖြင့် လူနာက ဗိုင်းရပ်စ်ပိုးဝင်တာကို မသိလိုက်ကြဘူး။ အဖြစ်အများဆုံးကတော့ တစ်ခါတလေမှာ ချောင်းဆိုးတာ၊ နှာစေးတာနဲ့ တွဲပြီးတော့ ရုတ်တရက် နားလေးသွားတတ်တယ်။ တချို့တွေကျတော့လည်း ဝမ်းနည်းနည်းပျက်တယ်၊ ဝမ်းလျှောပြီးမှ နားလေးသွားတတ်တယ်။

သီချင်းနားထောင်လို့ နားလေးသွားတာမျိုး မဟုတ်ဘဲနဲ့ ဗိုင်းရပ်စ်ပိုးဝင်လို့ လေးသွားတာမျိုးဖြစ်တယ်။ နောက်ဖြစ်တတ်တဲ့ အကြောင်းအရင်း တစ်ခုကတော့ Autoimmune Disease လို့ခေါ်တဲ့ ရောဂါပါ။ အတော်ရှားပါတယ်။ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေက ကိုယ့်ရဲ့နားကို ပြန်လည်တိုက်ခိုက်လိုက်တဲ့အတွက် ရုတ်တရက် နားလေးသွားတတ်ပါတယ်။ နောက် ရုတ်တရက် နားလေးရတဲ့ အကြောင်းရင်းကတော့ သွေးတိုးကြောင့်ဖြစ်တာပါ။

နားထဲမှာရှိတဲ့ အတွင်းသားကိုလာတဲ့ သွေးကြောလေးတွေက ရုတ်တရက် ပိတ်သွားတယ်။ ပိတ်သွားတော့ အတွင်းထဲ သွေးမရတော့ဘဲ အာရုံခံဆဲလ်တွေက ပျက်စီးသွားပြီးတော့ ရုတ်တရက် နားလေးသွားတတ်တယ်။ နောက် နားလေးတတ်တဲ့ အကြောင်းတစ်ခုကတော့ အာရုံကြော အကျိတ်တွေကြောင့်ပါ။ ဒါပေမယ့် အာရုံကြော အကျိတ်ကြောင့် ရုတ်တရက် နားလေးသွားတာမျိုးကတော့ အရမ်းရှားပါတယ်။

ရုတ်တရက် နားလေးသွားပြီဆိုရင် ထိရောက်တဲ့ ကုသမှုနဲ့ သုံးရက်အတွင်း (၇၂ နာရီ အတွင်း) ကုသရင် သူတို့ ခံစားနေရတဲ့ ရောဂါအားလုံး ချက်ချင်းပျောက်ကင်းနိုင် တယ်ဆိုတာ အများစုက မသိကြဘူး။ မသိကြတော့ အနားမှာပဲ ဆေးဝယ်သောက်ပြီးနေ မယ်ဆိုရင် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေက ကျော်သွားတတ်ပါတယ်။


Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)





Related Articles


Advertisment 18