Print

သားသမီးတစ်ဦးအား ဦးစားပေးခြင်း

  23-Apr-2020
Preview Image

စိတ်ပညာ လေ့လာမှုများအရ ကလေးဘဝတွင် ပျော်ရွှင်မှုမရခဲ့သော မိဘတို့သည် ယင်းတို့၏ ရင်သွေးတို့အား ပြုစုပျိုးထောင်ရာတွင် လွဲမှားစွာပြုမူလေ့ရှိကြောင်းသိရသည်။ လွမ်းမိုးသော မိဘများနှင့် ကြီးပြင်းလာခဲ့သူတို့သည် ငယ်စဉ်ကလေးဘဝတွင် နာယူလွယ်သူ၊ အကြမ်းမဖက်သူ၊ အများကြိုက် လိုက်လုပ်တတ်သူ ဖြစ်နေသော်လည်း မိမိကိုယ်ကို သားသမီးများ ရလာသောအခါမူ လွှမ်းမိုးသူ စည်းကမ်းတင်းကျပ်သူ၊ အာဏာရှင် မိဘများဖြစ်လာတတ်ကြသည်။ ညှိယူလွဲသူ နျူရိုးတစ်မိဘများ၏ လွဲမှားသော ကလေးပြုစု ပျိုးထောင်မှုကြောင့် ကလေးငယ်များသည် ညှိယူူလွဲသူများ ဖြစ်လာနိုင်သည်။
ကြီးပြင်းလာသည့်အခါ စံကိုက်ပုပ္ပိုလ်များ ဖြစ်လာမှု မလာမှုတွင် ကလေးငယ်ဘဝက ကြုံတွေ့ခံစားခဲ့ရသမျှသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ငယ်စဉ်ကလေးဘဝတွင် ကြီးမားသည့် ဖိစီးမှုများနှင့် ကြုံတွေ့ကြရသည့် ဖိစီးမှုများကို ကြံကြံခံနိုင်သူ ဖြစ်လာတော့မည် မဟုတ်ပေ။ ထိုနည်းတူ အကာအကွယ်ပေးလွန်းသော မိဘများကြောင့် ငယ်စဉ်က အတွေ့အကြုံ နည်းခဲ့သူတို့တွင်လည်း ကြီးပြင်းလာသောအခါ ကလေးဆန်သော (သို့) မရင့်ကျက်သော လောကအမြင် ရှိတတ်သည်။ စံကိုက်ပုပ္ပိုလ်တစ်ဦး ဖြစ်လာရန်မှာ ငယ်စဉ်က မိဘများထံမှ မယုတ်မလွန်သော ချစ်ခင် ယုယမှုနှင့် အကာအကွယ်ရရှိခဲ့ရန် လိုအပ်သလို အသက်ကြီးလာသည်နှင့်အမျှ တာဝန်ယူတတ်ခြင်းနှင့် ပြဿနာ ဖြေရှင်းနိုင်ခြင်းတို့လည်း လိုအပ်ပေသည်။

Credit  : 
ခင်မောင်သန်း (စိတ်ပညာ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18