Print

ခွေး၊ကြောင် ကိုက်ခြင်း

  19-Apr-2020
Preview Image

ခွေးကိုက်ခြင်းကို ကိုက်သောခွေးပေါ် မူတည်ပြီး အောက်ပါအတိုင်း -

(
) ရိုးရိုးခွေးကိုက်ခြင်း

(
) ခွေးရူးကိုက်ခြင်း ဟူ၍ခွဲခြားထားပါသည်။

ထို့ကြောင့် ခွေးကိုက်ခံရပါက ခွေးရူးနှင့် ခွေးကောင်း ခွဲခြားသိရှိစေရန် အတွက်ခွေး ကို စောင့်ကြည့်ရန် အရေးကြီးပါသည်။

ခွေးရူးလက္ခဏာများ

ခွေးရူး၏ လက္ခဏာများမှာ နုံးချိသော အမူအယာရှိခြင်း၊ မူမမှန်သော အပြုအမူဖြစ်သည့် သခင်ကို ရန်မူခြင်း၊ သွားရည်များကျခြင်း၊ အမြီးကုပ်ခြင်း၊ ရန်မူခြင်း၊ ဂနာမငြိမ်ခြင်းတို့ကို တွေ့ရမည် ဖြစ်ပါသည်။

ပြုစုခြင်း

၁။ ခွေးကိုက်သော ဒဏ်ရာကို လက်ဖြင့် တိုက်ရိုက်ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းမပြုရ။ လက်အိတ် (သို့) ဇာဂနာ အသုံးပြုပါ။

၂။ ဒဏ်ရာအား ရေများများလောင်းပါ၊ မပွတ်ရ၊ မညှစ်ရပါ။

၃။ သန့်စင်သောပိတ်ပါးစအုပ်ခြင်း (သို့) ပတ်တီးစည်းခြင်း ပြုလုပ်ပါ။

၄။ ဆေးရုံ၊ ဆေးခန်းသို့ပို့ပြီး ဆရာဝန်၏ညွှန် ကြားချက်အတိုင်း လိုက်နာ၍ ဆေးကုသမှုခံယူပါ။

ကြောင်ကိုက်ခြင်း

ကြောင်ကိုက်သော ဒဏ်ရာသည် ခွေးကိုက်သော ဒဏ်ရာထက် ပို၍ယင်းလွယ်သည်။ ကြောင်ကိုက်သောကြောင့် ခွေးရူးပြန်နိုင်သည်။ ထို့ကြောင့် ကြောင်ကိုက်သော် လည်းခွေးရူးကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။

ပြုစုခြင်း

ကြောင်ကိုက်သော ဒဏ်ရာအား ခွေးကိုက်သော ဒဏ်ရာကဲ့သို့ပြုစုပါ။


Credit :
အခြေခံရှေးဦးသူနာပြုစုုုုခြင်း လက်စွဲစာအုပ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18