Print

ဗိုက်ပူတာကြောင့် ဆီးချိုရောဂါကို ဘယ်လိုဖြစ်စေနိုင်ပါသလဲ

  18-Apr-2020
Preview Image

ဗိုက်ပူတဲ့အခါ အင်ဆူလင်က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ စွမ်းဆောင်နိုင်မှု နည်းသွားတာကြောင့် အင်ဆူလင် Resistance ဖြစ်သွားပါတယ်။ အဲဒီအခါ သွေးတွင်းသကြားဓာတ်က စတင် ဟန်ချက်မညီတော့ဘဲ ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်စေနိုင်ပါတယ်။

ဗိုက်အဆီကျတာက သွေးကြောကျဉ်းစေတဲ့ အန်ဂျီအိုတန်စင်ဟော်မုန်းအပြောင်း အလဲကို ဖြစ်စေတာကြောင့် သွေးတိုးတာ ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာ (Heart Attack) ကို ဖြစ်နိုင်ခြေ များစေပါတယ်။

ဗိုက်အဆီဟာ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတိုးတာ၊ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီများတာတို့နှင့် ဆက်စပ်ပြီး ကောင်းတဲ့ ကိုလက်စထရော ကို လျော့ကျစေတာကြောင့် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေတာဖြစ်ပါတယ်။

Credit : ဇွန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18