Print

ဆေးဘက်ဝင်တဲ့ သဘောၤသီး

  18-Apr-2020
Preview Image

သဘောၤပင်က နေရာတိုင်းလိုလိုမှာ လွယ်ကူစွာ အလေ့ကျပေါက်လွယ်တဲ့အပင် တစ်မျိုးဖြစ်ပြီး သူ့အသီးရဲ့အရသာကလည်း ကောင်းလွန်းပါတယ်။ သဘောၤသီးဆိုရင် အမှည့်စားမလား အစိမ်းကိုဆိုရင် အချိုသုပ်သုပ်စားမလား အစပ်သုပ်သုပ်စားမလား
နှစ်သက်သလို စားလို့ရတာကြောင့် လူတွေအစားများတဲ့ အသီးတစ်မျိုးလို့ဆိုရပါမယ်။ သူ့ရဲ့ဆေးဘက်ဝင်မှုကလည်း လူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး အထောက်အကူပြုလွန်းပါတယ်။

ကိုလက်စထရောကို လျော့ကျစေခြင်း

သဘောၤသီးမှာ အမျှင်ဓာတ်များစွာပါသလို ဗီတာမင် စီ နဲ့အခြားအာဟာရဓာတ်သဘာဝတွေလည်း ပါဝင်နေခြင်းကြောင့် သွေးထဲမှာ ကိုလက်စထရောတည်ရှိမှုကို ဖယ်ရှားကာကွယ်ပေးကြောင်းတွေ့ရှိရပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းဟာ သွေးကြောတွေကိုပိတ်စေပြီး ရုတ်တရက်လေဖြတ်ခြင်းတို့ နှလုံးလေဟတ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။

ကိုယ်အလေးချိန်ကိုလျော့ကျစေခြင်း

အလယ်အလတ်အရွယ်အစားရှိ သဘောၤသီးတစ်လုံးမှာ ကယ်လိုရီ ၁၂ဝ ပါဝင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်ဝိတ်ချဖို့ ကြိုးစားနေသူများအတွက် ဒီအသီးလေးကို နှစ်သက်စွာစားသုံးပေးခြင်းဟာ လုံးဝသင့်တော်ပါကြောင်း ထောက်ခံလိုပါတယ်။ အဓိကအားဖြင့် ပါဝင်နေတဲ့အမျှင်ဓာတ်တွေက ဝိတ်ကျစေဖို့ အထောက်အကူပြုခြင်း၊ စားလိုက်တဲ့အခါ အာသီသ ပြေစေပြီး ဗိုက်ပြည့်စေခြင်းနဲ့ အဆာခံစေခြင်းတို့ကြောင်းဖြစ်ပါတယ်။

ကိုယ်ခံအားကောင်းစေခြင်း

လူတွေမှာကိုယ်ခံအားစနစ်ဟာ အပြင်မှမမြင်ရတဲ့ ရောဂါဘယမျိုးစုံကို ကာကွယ်တိုက်ဖျက်ပေးတဲ့ ခံတပ်ကြီးနဲ့တူပါတယ်။ သဘောၤသီးတစ်လုံးဟာ လူတွေနေ့စဉ်နဲ့အမျှလိုအပ်တဲ့ ဗီတာမင် စီတွေကို များစွာဖြည့်တင်းပေးနိုင်တာကြောင့် လူရဲ့ကိုယ်ခံအားစနစ် တည်ဆောက်မှုမှာ များစွာအထောက်အကူပြု ခြင်းပင်ဖြစ်ပါတယ်။

ဆီးချိုအတွက် ကောင်းခြင်း

သဘာဝအားဖြင့် သဘောၤသီးရဲ့အရသာဟာ ချိုပေမယ့် သူ့မှာသကြားဓာတ်ပါဝင်မှု နည်းပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် သဘောၤသီးကို အကောင်းဆုံး အသီးလို့တောင် ပြောဆိုကြပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင်နဲ့ phytonutrients လို့ခေါ်တဲ့ အာဟာရဓာတ်သဘာဝက ဆီးချိုနဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့ နှလုံးရောဂါဖြစ်ပွားမှုကို ကောင်းစွာကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါမရှိတဲ့သူတွေအနေနဲ့လည်း သဘောၤသီးကိုစားပေးခြင်းဖြင့် နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်ကြောင်းလည်း ဖော်ပြထားကြပါတယ်။

မျက်စိအတွက်ကောင်းခြင်း

သဘောၤသီးမှာ ဗီတာမင် အေ နဲ့ flavonoids လိုမျိုး beta-carotenezeaxanthin cyptoxanthin နဲ့ lutein တို့ပေါများစွာပါဝင်တာကြောင့် မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီး မျက်ကြည်လွှာတွေပျက်စီးယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် A ကလည်း အသက်အရွယ်ကြောင့် မျက်စိကြွက်သားများလျော့ရဲ အားနည်းလာခြင်းတို့ကို ကာကွယ်ပေးပါတယ်။

အဆစ်ရောင်ရောဂါကိုကာကွယ်ပေးခြင်း


အဆစ်အမြစ်ရောင်ရောဂါကို ခံစားနေရသူများအတွက် သဘောၤသီးကို စားပေးခြင်းဟာ အရိုးတွေအတွက် တကယ့်ကို အထောက်အကူပြုပါတယ်။ Annals of the Rheumatic Diseases က ဗီတာမင်စီ အားနည်းတဲ့သူတွေဟာ အဆစ်ရောင်ရောဂါ ပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာဖော်ပြထားကြပါတယ်။ သဘောၤသီးမှာပါဝင်တဲ့ ဗီတာမင် စီဟာ အဆစ်အမြစ်ရောင်ရောဂါ မဖြစ်ပွားနိုင်အောင် ကာကွယ်ပေးတာကြောင့် သဘောၤသီးကို ဆေးဘက်ဝင်အနေနဲ့ရော စားသုံးဖို့ကောင်းပါတယ်။

အစာချေဖျက်မှုကိုကောင်းစေခြင်း

အစာချေဖျက်မှုအားနည်းသူတွေအနေနဲ့ သဘောၤသီးကို မှန်မှန်စားပေးခြင်း ဝမ်းမှန်မှန်သွားကာ အစာမကြေဖြစ်ခြင်းတို့ ကင်းဝေးစေနိုင်ပါတယ်။ လူတွေမှာ အစာချေဖျက်မှုအားကောင်းသူတွေ ရှိသလို အစာချေဖျက်မှုအားနည်းတဲ့သူတွေလည်းရှိကြပါတယ်။ အစာမကြေလို့ ခံစားရတဲ့ဝေဒနာတွေ သက်သာစေဖို့ သဘောၤသီးကို မှန်မှန်စားပေးနိုင်ခြင်းဟာ အကောင်းဆုံးဘဲဖြစ်ပါတယ်။

အရွယ်တင်ခြင်း


လူတွေဟာ ဘယ်လောက်ဘဲ အိုမင်းရင့်ရော်ခြင်းဆိုတဲ့ သဘာဝတရားကို လက်ခံထားကြပေမယ့် အတတ်နိုင်ဆုံး အိုမင်းရင့်ရော်မှုရဲ့ သရုပ်ကို မလိုချင်ကြပါ။ ဒါကြောင့် နုပျိုနိုင်စွာ နေနိုင်ဖို့ကြိုးစားတတ်ကြပါတယ်။ သဘောၤသီးမှာ အိုမင်းမှုရဲ့ သရုပ်တွေဖြစ်တဲ့ အရေးအကြောင်း ထင်တာတွေကို ပျောက်စေတဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။ သင်္ဘောသီးမှာ ပေါများစွာပါဝင်နေတဲ့ ဗီတာမင် စီ နဲ့အီး တို့က အရေးအကြောင်းထင်တာတွေကို များစွာ ကာကွယ်ပေးတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သဘောၤသီးကို ပုံမှန်စားပေးခြင်းဟာ အရွယ်တင်စေဖို့အတွက်လည်း အထောက်အကူပြုနေတယ်ဆိုတာ သတိရလိုက်ပါ။

ဆံပင်ကိုအားကောင်းစေခြင်း

သဘောၤသီးမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေဟာ ဆံပင်ကို အားကောင်းစေခြင်း၊ တောက်ပြောင်စေခြင်း ၊ ဗောက်ကင်းစေခြင်း ၊ ဆံပင်ကျွတ်ခြင်းတို့ကိုသက်သာစေခြင်းအစရှိတဲ့ ကောင်းကျိုးကိုပါ စွမ်းဆောင်ပေးပါတယ်။

ကင်ဆာကို ကာကွယ်ပေးခြင်း

Harvard School of Public Health’s Department က သဘောၤသီးမှာပါဝင်တဲ့ beta caroteneဟာ အမျိုးသားလိင်အင်္ဂါအကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာဖြစ်ပွားမှုတို့ကို ဆန့်ကျင်တိုက်ဖျက်ပေးကြောင်း လေ့လာဖော်ပြထားပါတယ်။

စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း

လူတွေမှာ တစ်နေကုန်အလုပ်လုပ်ရလို့ပင်ပန်းနွမ်း်နယ်လာတဲ့အခါ စိတ်ပင်ပန်းမှု၊ ကိုယ်ပင်ပန်းမှု ဖြစ်တတ်ကြပါတယ်။ University of Alabama ကလည်း သဘောၤသီးမှာ ပါဝင်တဲ့ ဗီတာမင် စီ က စိတ်ဖိစီးပင်ပန်းမှုတွေကို လျော့ကျပြေပျောက်စေဖို့ကူညီနိုင်ကြောင်း ဖော်ပြထားကြပါတယ်။

Credit: Yangon Life

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18