Print

စကားထစ်ခြင်း

  17-Apr-2020
Preview Image

စိတ်တင်းကျပ်ခြင်း၊ စိတ်မလုံခြုံခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် အပြောဖောက်ပြန်ခြင်းမှာ စကားထစ်ခြင်းဖြစ်သည်။ ယင်းသည်လည်း ညှိယူလွဲမှု လက္ခဏာတစ်ရပ်ဖြစ်၏။ စကားထစ်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် မဟုတ်ချေ။ စကားထစ်ပုံ ထစ်နည်းတွေလည်း ကလေးတစ်ယောက်နှင့် တစ်ယောက် မတူကြချေ။ အချို့မှာ အိမ်တွင်သာ စကားထစ်ကြ၍၊ အချို့မှာ မိခင် (သို့) ဖခင်နှင့် စကားပြောသည့်အခါ၌သာ ထစ်တတ်ကြသည်။ အချို့မှာ လူစိမ်းများနှင့် ပြောသည့်အခါသာ ထစ်တတ်ကြသည်။

အခြားဖောက်ပြန်မှုများကဲ့သို့ပင် စကားထစ်ခြင်းမှာလည်း စိတ်လုံခြုံမှု မရခြင်း၊ ပတ်ဝန်းကျင်၏ အသိအမှတ်ပြုမှု မရခြင်းစသည့် အတ္တလိုဘ မပြည့်မှုများကြောင့် ဖြစ်သည်။ စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒီဗလင်းက အောက်ပါအတိုင်း တင်ပြခဲ့သည်။
သဘောကောင်းခြင်း၊ သည်းခံတတ်ခြင်း၊ အစရှိသည်တို့သည် လူတစ်ဦးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေ အင်္ဂါရပ်များဖြစ်သလို စကားပြောပုံ ပြောနည်းအားဖြင့် သူသည် မည်ကဲ့သို့ လူစားဖြစ်ကြောင်း ကိုယ်တိုင်သိရှိ ခံစားရသည်။

သူ့ခံစားမှုအား ပြောင်းလဲလိုက်ပါက စကားပြောပုံလည်း ပြောင်းလဲလာတော့သည်။ ကိုယ့်ကိုယ်ကို ယုံကြည်သူတစ်ယောက်၏ စကားပြောဆိုပုံသည် စိတ်အားငယ်သူတစ်ယောက် ပြောပုံပြောနည်းနှင့် တူမည်မဟုတ်ပေ။ သူ့အားငြင်းပယ်သည်ကို သူ
ခံစားရပါက အော်ဟစ်ပြောခြင်းဖြင့် ပတ်ဝန်းကျင်၏လက်ခံမှု၊ အာရုံပြုမှုကို ရယူပေလိမ့်မည်ကလေးငယ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးသည် မိဘများနှင့် ဆက်ဆံကြုံတွေ့မှုအရ ရုပ်လုံးဖော်လျက်ရှိသည်။ ဆက်ဆံရေးတွင် သူမည်သို့ ခံစားရသည်ကို သူ၏ စကားပြောပုံက ညွှန်ပြလျက်ရှိသည်။ စကားထစ်ခြင်းသည် မိဘနှင့် ဆက်ဆံရေး၊ အထူးသဖြင့် မိခင်နှင့် ဆက်ဆံရေးမှ ကြုံတွေ့ရသည့် စိတ်ပဋိပက္ခကို ဖော်ပြလျက်ရှိသည်။

စကားထစ်ခြင်းမှာ စိတ်ကြောင်းရင်းခံဖြစ်ပြီး ထိုအကြောင်းရင်းကို သူ၏ အိမ်မှာပင် ရှာဖွေတွေ့ရှိနိုင်သည်။ တင်းကျပ်သော စည်းကမ်း၊ အခြားမွေးချင်းများနှင့် မတရားနှိုင်းယှဉ်မှု၊ မိဘများ မသင့်မြတ်မှု၊ ရန်ဖြစ်မှု၊ သူ့အား ချစ်ခင်ယုယမှုမရှိမှု၊ ဆီးဝမ်းသွားရန် အဓမ္မလေ့ကျင့်ပေးမှု စသည်တို့သည် စကားထစ်ခြင်း၏ အကြောင်းရင်း များဖြစ်သည်။

စကားထစ်သည့် ကလေးငယ်သည် မပျော်ရွှင်၊ စိတ်မလုံခြုံသည့်သူ တစ်ဦးဖြစ်ပြီး မိမိကိုယ်မိမိ တန်ဖိုးမရှိသူဟု ယူဆနေသူ တစ်ဦးဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ မလုံခြုံသည့် စိတ်ထား၊ မစွမ်းဆောင်နိုင်သည့် စိတ်ထားတို့သည် ပို၍ ဆိုးရွားလာနိုင်သည်။
စာဖတ်ခြင်း၊ စကားပြောခြင်းနှင့်ဆိုင်သော ကျောင်းစာများတွင်လည်း လုံလောက်သော တိုးတက်မှု ရရှိမည် မဟုတ်သည့်အတွက် စိတ်တင်ကျပ်မှုများ ဖြစ်ပေါ်လာတတ်သည်။ စိတ်တင်းကျပ်၍ စကားထစ်၊ စကားထစ်၍ စိတ်တင်းကျပ်နှင့် ပတ်ချာလည်ပြီး ပို၍ ဆိုးရွားလာတတ်သည်။ အခြေခံစိတ်ပြဿနာကို မဖြေရှင်းဘဲ အခြားနည်းများဖြင့် စကားထစ်ခြင်းကို ကုစား၍ ရမည်မဟုတ်ပေ။ မိဘများ၏ စစ်မှန်သော ချစ်ခင်ယုယမှု၊ နားလည်မှု၊ ၎င်းအပေါ်စိတ်ဝင်စားမှုတို့ဖြင့် စကားထစ်ခြင်းကို လျော့နည်းသွားအောင် ပြုပြင်နိုင်မည် ဖြစ်ပါသည်။

Credit : 
ခင်သန်းမောင် (စိတ်ပညာ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18