Print

အရွယ်ရောက်သော သင့်သမီးငယ်ကို ပြောပြသင့်သော ရင်သားပြောင်းလဲမှုအကြောင်း

  15-Apr-2020
Preview Image

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေလို အဝတ်အစားဝတ်ဆင်မှုကို ဖြစ်သလို စီစဉ်ပေးလို့မရပါဘူး။ မိန်းကလေးတစ်ယောက် အရွယ်ရောက်ချိန်မှာ သူ့အတွက် လိုအပ်တဲ့ အတွင်းခံအင်္ကျ ဝတ်ဆင်မှုပုံစံကလည်း မိခင်က သင်ကြားပေးဖို့လိုပါတယ်။ အပျိုဖော် စဝင်လာချိန်မှာ ရင်သားတွေက ဆူဖြိုးလာတာကြောင့် ို့သီးခေါင်းပေါ် လာတာ ကို မိဘတွေက သတိထားပြောဆိုဖို့နဲ့ လိုအပ်တဲ့ အတွင်းခံ ဘယ်လိုရွေးချယ် ဝတ်ဆင် ရမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြထားဖို့လိုပါတယ်။ ကလေးငယ်တွေအနေနဲ့ ရှက်တဲ့စိတ်ရှိနေတတ်ပြီး ဒီလိုပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ မိခင်ကရင်းနှီးနွေးထွေးစွာ ဆက်ဆံပြောဆိုတတ်ဖို့ လိုပါတယ်။

ရင်သားအတွက် သက်သောင့်သက်သာ ဖြစ်စေဖို့၊ ကျပ်ထုပ်နေတာမျိုးမဖြစ်ဘဲ အံဝင်ခွင်ကျဖြစ်စေဖို့ အတွင်းခံအင်္ကျ ဘယ်လိုအရွယ်အစားကို ရွေးချယ်သင့်တယ် ဆိုတာကို သေချာပြောပြပြီး ရွေးချယ်ပေးပါ။ အမျိုးသမီးအများစုဟာ အတွင်းခံဝတ်စုံ အရွယ်အစားကို မှန်ကန်စွာဝတ်ဆင်လေ့ မရှိကြပါဘူး။ ဟိုးအရင်ကတည်းက ဝတ်ဆင် လာခဲ့တဲ့ အတွင်းခံတွေကိုပဲ လက်ရှိအချိန်ထိ ဝတ်ဆင်နေလေ့ရှိကြပါတယ်။ မှားယွင်းတဲ့ အတွင်းခံဝတ်ဆင်မှုပုံစံကြောင့် ကျန်းမာရေးပြဿ နာများစွာ ဖြစ်တတ်ပါသေးတယ်။

ပုံစံမကျဖြစ်ခြင်း

ရင်သားနဲ့ အံဝင်ခွင့်ကျမဖြစ်တဲ့ အတွင်းခံကို ပုံမှန်ဝတ်ဆင်မယ်ဆိုရင် သင့်ရင်သားပုံစံဟာ လှပမှုမရှိဘဲ အမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့ လှပဝင့်ကြွားမှုကို မပေါ်လွင် ဘဲ ဖြစ်စေနိုင်ပါတယ်။ ရင်သားပုံစံမကျဘဲ တွဲကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

အမာရွတ်ထင်ကျန်ခြင်း

မှားယွင်းတဲ့ အတွင်းခံဝတ်ဆင်မှုပုံစံကြောင့် ရင်သားအောက်ခြေနဲ့ရင်သား
တစ်ဖက်စီမှာ အမာရွတ် ထင်ကျန်တာမျိုး ဖြစ်စေနိုင်ပါသေးတယ်။ အမာရွတ်ထင်တာက ချက်ချင်းပေါ်လာတတ်တာမျိုး မဟုတ်ဘဲ အချိန်ကြာလာတော့မှ အတွင်းခံအင်္ကျ ီရဲ့ ကျပ်လွန်းတဲ့အပိုင်းကနေပြီး အရာထင်လာတာမျိုးပါ။

ပြည့်စုံစွာထောက်ပံ့မှုမရရှိခြင်း

အတွင်းခံအင်္ကျ ီက သင့်ရင်သားကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် ရင်သားကြီးသူတွေအနေနဲ့ သင့်ရင်သားကို အကောင်းဆုံးနဲ့ အပြည့်အဝ
ထောက်ပံ့ပေးနိုင်တဲ့ အနေအထားမျိုးရှိတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်ပေးရပါမယ်။ တချို့ အမျိုးသမီးတွေက ကိုယ့်ရင်သားအရွယ်အစားထက် သေးငယ်တဲ့ အတွင်းခံတွေကို ဝတ်ဆင်ပြီး ရင်သားတင်းရင်းနေအောင် ပင့်တင်ထားလေ့ရှိကြပါတယ်။ ဒါက အချိန် ကြာလာတဲ့အချိန်မှာ မကောင်းပါဘူး။ သင့်နောက်ကျောပြင်မှာလည်း အနီရောင် အမာရွတ်တွေ ဖြစ်ပေါ်တတ်ပါသေးတယ်။ ဒါ့အပြင် ရင်သားတွေကို ကောင်းကောင်း
ထောက်ပံ့ ပေးနိုင်စွမ်းမရှိဘဲ သင့်အဝတ်အစားကိုပါ ကြည့်ရဆိုးစေပါတယ်။

ခန္ဓာကိုယ်ပုံစံမကျဖြစ်ပြီး ကြည့်ရဆိုးခြင်း

မမှန်ကန်တဲ့ အတွင်းခံကြောင့် ခန္ဓာကိုယ်ပုံစံက စမတ်မကျဘဲ ဖြစ်နေတတ် ပါသေးတယ်။ သက်သောင့်သက်သာမဖြစ်ဘဲ ဖြစ်နေတတ်တဲ့အပြင် နောက်ကျောနဲ့ ဇက်ကြောနာကျင်တာမျိုးလည်း ဖြစ်စေပါတယ်။

Credit : 
သဲသဲဦး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18