Print

ဆီးအိမ်မှ ဆီး မသွားစေနိုင်သော အကြောင်းများ

  13-Apr-2020
Preview Image

(၁) ဆီးအိမ် ကြွက်သား (Detrusor) အားနည်းခြင်း
(၂) ဆီးအိမ်ဝ ညှပ်ကြွက်သား သန်ကာ ကျုံ့နေခြင်း
(၃) အာရုံကြောရောဂါ ဥပမာ ပါကင်ဆန်ရောဂါ (Parkinson) ရခြင်း
(၄) ဆီးအိမ် ခွဲစိပ်ပြီး၊ ဆီးချွန် ပြုထည့်ပြီး ဆီးအိမ် ထိခိုက်ခြင်း
(၅) ဆီးအိမ် ဒဏ်ရာရခြင်း
(၆) ပရောစတိတ် ကြီးခြင်း၊ ရောင်ခြင်း၊ ကင်ဆာရခြင်း
(၇) ကျဉ်ချောင်း ကျဉ်းခြင်း၊ ရောင်ခြင်း
(၈) ထိပ်ဖူးဖုံး အရေပြား ရှည်ခြင်း၊ ကွင်းဖြင့် ညှစ်ခြင်း
(၉) လိင်ကူးစက်ရောဂါ ရခြင်း
(၁၀) ကျောအာရုံကြောမ ဒဏ်ရာရခြင်း
(၁၁) စိတ်ရောဂါ ရခြင်း
(၁၂) ဆီးလမ်း ကျောက်ပိတ်ခြင်း

ကုသမှု

(၁) ဆီးချူပိုက် (Catheter) ကျင်ချောင်းထဲထည့် ဆီးချူခြင်း (ဆရာဝန်၊ ဆရာမသာ ပြုလုပ်နိုင်)

(၂) ဆီးပုံးမှ ခွဲ၍ ဆီးချူခြင်း (ဆရာဝန်သာ ဆေးရုံ၌ ပြုလုပ်နိုင်သည်)

(၃) ထိုသို့ မလုပ်နိုင်စဉ် ဆီးအိမ်ရှုံ့ခြင်းကို ပြေစေသော သို့မဟုတ် ဆီးအိမ်ဝညှစ်ခြင်း ကို ပျော့စေသော အယ်လ်ဖာပိတ်ဆေး (Alpha-Blocker or 5 –Alpha Reductase Inhibitor) ကို ဆရာဝန် ညွှန်းက ပေးနိုင်သည်။

(၄) စာရေးသူက ထိုသို့ ဆီးမသွားသူကို Carbachol ထိုးပေးရာ ဆီးသွားနိုင်သည်။

(၅) ခွဲစိတ်ခြင်း (Prostatectomy)

(၆) ဆီးကျိတ်ကြီးသူများကို အောက်ပါဆေးများ ပေး၍ ဆီးသွားစေနိုင်သည်။
(က) Finasteride
(ခ) Dutasteride

(၇) ဖော်လေ ဆီးပြွန် (Foley’s Catheter) ထည့်ခြင်း

(၈) ကိုယ်ဝန်ကြောင့် ဆီးမသွားလျှင် ဆီးချူပိုက်သွင်း၍ ဆီးချူရသည်။ သို့ဖြစ်၍ ကလေးမွေး ခါနီး၌ မိန်းမတိုင်းကို ဆီးချူပိုက်သွင်းကြရသည်။

(၉) ဝမ်းချုပ်သဖြင့် ဝမ်းမသွားဘဲ ကြာကလည်း ဆီးသွားရ ခက်သည်။ ထိုအခါမျိုး၌ ဝမ်းချူလိုက်လျှင် ဆီးပါသွားသည်။

Credit : ဒေါက်တာမောင်မောင်ညို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18