Print

အဆိပ်သင့်ခြင်းဖြစ်ပေါ်လျှင် ပြုစုရမည့်နည်းလမ်းများ

  13-Apr-2020
Preview Image

၁။ အဆိပ်ဖြစ်သော အစာများ စားမျိုမိပါက ချက်ချင်းပြန်၍ အန်အောင်ပြုလုပ်ပါ။ သို့သော် စတင်ဖြစ်သည့်အချိန်မှ မိနစ် (၃၀) အတွင်း တွေ့ရှိသော လူနာများကိုသာ အန်အောင်လုပ်ပါ။

၂။ အဆက်မပြတ်အန်နေသော လူနာများနှင့် အက်စစ်၊ အယ်လ်ကာလီ သောက်သော လူနာများ၊ တက်သောလူနာများ သတိလစ်သောလူနာများကို အန်အောင် မလုပ်ရပါ။

၃။ အက်စစ်၊ အယ်လ်ကာလီ သောက်သော လူနာများကို ရေများများ တိုက်ပါ။ နွားနို့အေးအေး (သို့) ရေအေးအေးနှင့် ကြက်ဥအကာများကို တိုက်ပါ။

၄။ စားဆေးများ အလွန်အကျွံသောက်သော လူနာများကို နွားနို့ (သို့) ရေမတိုက်ရပါ။ ထိုလူနာများကို ကြက်ဥအကာ တိုက်ပါ။

၅။ အလွန်အမင်းအန်သော လူနာများကို ဘယ်ဘက်သို့စောင်း၍ စိတ်ချရသော ဘေးစောင်းအနေအထားတွင် ထားပါ။

၆။ ဆေးရုံသို့ လူနာမှတ်တမ်းနှင့်အတူ အမြန်ပို့ပါ။

Credit : အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18