Print

လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင်

  12-Apr-2020
Preview Image

အမျိုးသမီးတွေက အမျိုးသားတွေထက် ကျန်းမာရေးကို ပိုမိုဂရုစိုက်ကြပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဟော်မုန်းအပြောင်းအလဲများတာ၊ ရောင်ရမ်းမှု ဖြစ်နိုင်ခြေများတာ၊ ဆေးလိပ်ငွေ့နှင့် စိတ်ဖိစီးမှု ဟော်မုန်းတွေကို Sensitive ပိုဖြစ်တတ်တာတွေ ကြောင့်ပါ။ အောက်ပါ နည်းလမ်းတွေဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

၁။ သွေးကြော ကျန်းမာကောင်းမွန်အောင် အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေးမဝတာဟာ ကျန်းမာတဲ့ အမျိုးသမီးတွေအတွက် လေဖြတ်တာကို လှုံ့ဆော်နိုင်တဲ့ နံပါတ်တစ်အချက်ပါ။ အိပ်ချိန်ဟာ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ သွေးကြောတွေကို ပြန်လည်ပြုပြင်ပေးပြီး ဦးနှောက်သွေးကြောအတွင်း သွေးခဲဖတ်တွေကို ရှင်းထုတ်ပေးနိုင်တဲ့အချိန်ပဲ ဖြစ်ပါတယ်။

၂။ လေဖြတ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း လျှော့ချနိုင်အောင် ဥယျာဉ်စိုက်ပါ။

သင့်အိမ်က ခြံဝင်းအတွင်း မိနစ် ၃၀ ခန့် စိုက်ပျိုးရေးဆိုင်ရာ အလုပ်တွေ လုပ်တာက သွေးဖိအား၊ သွေးတွင်း သကြားဓာတ်၊ ထရိုင်ဂလစ်စရိုက် (Triglyceride) နဲ့ လေဖြတ်နိုင်ခြေ များတဲ့ အချက်တွေကို လျော့ကျအောင် ကူညီနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ပြောင်းဖူးပေါက်ပေါက်က သွေးခဲဖတ် မဖြစ်အောင် တားမြစ်နိုင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်က ကောက်နှံတစ်ခုလုံး ပါဝင်တဲ့အတွက် နေ့စဉ် နှစ်ခွက်စာ စားသုံးရင် လေဖြတ်နိုင်ခြေ ၄၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။

၄။ ဟင်းခတ် အမွှေးအကြိုင်တွေက လေဖြတ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ပါတယ်။

နနွင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ဇီရာနဲ့ ပြုလုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို နေ့စဉ် တစ်ဇွန်းခွဲစာ စားသုံးပါက ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်တက်မှုကို ၂၃ ရာခိုင်နှုန်းခန့် ဖြတ်တောက်ပစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Credit : 
ဒေါက်တာခင်မိုးမိုး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18