Print

ကော်ဖီ ၏ အသုံးဝင်ပုံအမျိုးမျိုး

  12-Apr-2020
Preview Image

ကော်ဖီကို လူတိုင်းနီးပါး ကြိုက်ကြမယ်၊ သောက်ကြမယ် ထင်တယ်။ ကော်ဖီခါးခါးကို လူ့ဘဝ ဒါမှမဟုတ် အချစ်နဲ့ နှိုင်းယှဉ်ပြီး လူတွေက ကဗျာတွေ စပ်ကြတယ်။ ဝတ္ထုတွေ ရေးကြတယ်။ အလှော်ခံ၊ အမှုန့်ကြိတ်ခံရပြီး ရေနွေးပူပူ လောင်းထည့်လိုက်မှ သင်းကြိုင်တဲ့ ရနံ့ထွက်လာတဲ့ ကော်ဖီကို လူ့ဘဝအတွက် သင်္ခန်းစာအဖြင့် ဥပမာပေးကြတယ်။ အခုလည်း ဖတ်ဖူးတဲ့ ကော်ဖီနဲ့ ကော်ဖီမှုန့်ရဲ့ အသုံးဝင်ပံုတစ်ချို့ကို မျှဝေလိုက်ပါတယ်။

၁) အာရုံစုစည်းမှု မရှိတဲ့အခါ ကော်ဖီတစ်ခွက်ကို သောက်လိုက်ရင် ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေနိုင်တဲ့အပြင် ကော်ဖီနံ့ကို ရှူရှိုက်ခြင်းဖြင့် လီမွန် ၃ဆရှိတဲ့ ဗီတာမင်စီကို ရနိုင်တယ်။

၂) ကြက်သွန်ဖြူ စားပြီး ပါးစပ်မှာ စွဲကျန်ခဲ့တဲ့ အနံ့ကို ကော်ဖီသောက်ခြင်းဖြင့် ပျောက်စေနိုင်တယ်။

၃) ကော်ဖီသောက်ခြင်းဖြင့် စိတ်ဖိအားတွေကို လျှော့ကျစေနိုင်သလို စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတယ်။ ဝမ်းချုပ်နေသူများ မနက်စောစော ကော်ဖီသောက်ရင် ၅ မိနစ်မှ ၁ဝမိနစ်အတွင်း ဝမ်းသွားပါတယ်။

၄) ကော်ဖီစေ့က မြေကြီးထဲက ရေငွေ့ကို အလွယ်တကူ စုပ်ယူနိုင်တာကြောင့် ဝယ်လာတဲ့ ကော်ဖီစေ့တွေကို ကြမ်းပြင်ပေါ်မှာ ချမထားဘဲ လေလုံတဲ့ ပုလင်းထဲ ထည့်သိမ်းထားတာ အကောင်းဆုံးပါ။ သိမ်းရာမှာလည်း ပုလင်းကို မကြာခဏ လှုပ်ပေးရပါမယ်။

၅) စစ်ပြီးသား ကော်ဖီမှုန့်ကို ဆေးလိပ်ပြာခွက်မှာ ထည့်ပေးရင် အနံ့အသက် ပျောက်ကင်းစေနိုင်သလို မီးလည်း ငြိမ်းလွယ်တယ်။

၆) ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပေးရင် အနံ့ဆိုးများကို ပျောက်ကင်းစေနိုင်သလို ဖိနပ်စင်မှာလည်း ထည့်ထားပေးလို့ရတယ်။

၇) အသုံးကြာတဲ့ အိုးတွေ ဆီနံ့စွဲနေခဲ့ရင် ကော်ဖီမှုန့်အစို (သို့မဟုတ် လက်ဖက်ခြောက်) ကို အိုးထဲထည့်ပြီး ခြောက်တဲ့အထိ လှော်ပေးရင် အနံ့အသက် ပျောက်ကင်းစေနိုင်ပါတယ်။

credit : သုတဘဏ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18