Print

Meningitis( ဦးနှောက်အမြှေးရောင်ရောဂါ)

  08-Apr-2020
Preview Image

ဦးနှောက်အမြှေးရောင်ခြင်းဆိုသည်မှာ ဦးနှောက် Brain နှင့် အာရုံကြောမကြီး Spinal cord ကိုအုပ်ထားသော အမြှေးပါးနှင့်တကွ ဦးနှောက်အတွင်းရှိအရည်များ ပိုးဝင်ရောက်ခြင်းကြောင့်ရောင်ရမ်းခြင်းကိုဆိုလိုပါသည်။

လက္ခဏာများ

ရုတ်တရက်အဖျားကြီးခြင်း
လည်ပင်းတောင့်ခိုင်ခြင်း
အလွန်အမင်းမခံနိုင်အောင်ခေါင်းကိုက်ခြင်း
ပျို့အန်ခြင်း
တောင့်ခြင်း၊ တက်ခြင်း
မှိန်းခြင်း၊ နိုးရခက်ခြင်း
အလင်းရောင်မခံနိုင်ခြင်း
အစားချင်၊ မသောက်ချင်ဖြစ်ခြင်း
အနီကွက်ထခြင်း( in case of meningococcal meningitis)

အသက်၂ လအောက် ကလေးများတွင် တွေ့ရနိုင်သော လက္ခဏာများ။

အဖျားကြီးခြင်း
အဆက်မပြတ်ငိုခြင်း
အလွန်အိပ်ခြင်း၊

ချော့မရအောင် ဂဏာမငြိမ်ဖြစ်ခြင်း၊

မှိန်းခြင်း

လည်ပင်းသို့ တစ်ကိုယ်လုံးတောင့်ခြင်း

ဆရာဝန်နှင့် သွားရောက်ပြသင့်သော အချက်များ

ဖျားခြင်း
အလွန်အမင်းခေါင်းကိုက်ခြင်း
ဂယောင်ဂတမ်းဖြစ်ခြင်း
အန်ခြင်း
လည်ပင်းတောင့်ခြင်း

ဖြစ်ပွားစေသောအကြောင်းရင်းများ

Viral meningitis- ဗိုင်းရစ်ပိုးကြောင့်ဖြစ်ပွားခြင်းသည် အများဆုံးဖြစ်သည်။
Bacterial meningitis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက နောက်ဆက်တွဲ ဆိုးရွားနိုင်ပြီး အသက်အန္တာရာယ်အထိ ထိခိုက်နိုင်သည်။

ဖြစ်ပွားစေနိုင်သော ဘက်တီးရီးယားပိုးအမျိုးအစားများမှာ-

Streptococcus pneumonia
Neisseria meningitidis
Haemophilus influenza
Listeria monocytogenes
Fungal meningitis- မှိုရောဂါပိုးကြောင့်ဖြစ်ခြင်း
Others အချို့ sarcoidosis ရောဂါမျိုးကြောင့်လည်းဖြစ်ပွားနိုင်ပါသည်။

အဖြစ်များသောလူအုပ်စုများမှာ-

ကာကွယ်ဆေးပြည့်စုံအောင် မထိုးရသေးသူများ
အသက်ကြီးလွန်း ငယ်လွန်းခြင်း
လူထူထပ်စွာ နေထိုင်ရသူများ
ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ခုခံအားကျဆင်းနေသူများ

နောက်ဆက်တွဲဆိုးကျိုးများ

အကြားအာရုံချို့တဲ့ခြင်း
မှတ်ဉာဏ်ချို့ယွင်းခြင်း
သင်ကြားမှုခက်ခဲခြင်း
ဦးနှောက်ပျက်စီးခြင်း
လှုပ်ရှားမှုအနေအထားပြောင်းလဲခြင်း
တက်ခြင်း
ကျောက်ကပ်ပျက်စီးခြင်း
Shock ရခြင်း
အသက်ဆုံးရှုံးခြင်း -အထိဖြစ်ပေါ်နိုင်ပါသည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါဖြစ်စေမည့် ဇစ်မြစ်ကိုရှာဖွေခြင်း
သွေးစစ်ခြင်း၊သွေးထဲရှိအကောင်ပေါက်မပေါက်မွေးခြင်း
ဓာတ်မှန်ရိုက်ခြင်း- ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်း
သံလိုက်ဓာတ်မှန်ရိုက်ခြင်း
ခါးဆစ်ရိုးအတွင်းမှ ဦးနှောက်အတွင်းအရည်ယူ၍ ပိုးရှိမရှိစစ်ဆေးခြင်း။ပိုးအမျိုးအစားခွဲခြားခြင်း။

ကုသခြင်း

ကုသခြင်းတွင် ဖြစ်စေသည့် အခြေခံအကြောင်းရင်းကို နှိမ်နင်းခြင်းသည် အဓိကကျသည်။ ဥပမာ- ဘက်တီးရီးယားပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးသောက်ခြင်း။ သို့သော် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးနှင့် ကုသ၍မရသဖြင့် ကုသနည်းတွင် ကောင်းမွန်စွာအနားယူခြင်း၊ အရည်များများသောက်ပေးခြင်း၊ နာကျင်ခြင်းအတွက် ဆေးသောက်ခြင်း။ ဗိုင်းရပ်စ်ဖြစ်ပေါ်ခြင်းသည် ရက်သတ္တပတ် အနည်းငယ် အကြာတွင်ကောင်းမွန်သွားတတ်ပါသည်။

ကာကွယ်ခြင်း

ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်ပွားရန် ကြိုတင်ထိုးနှံနိုင်သော ကာကွယ်ဆေးများမှာ-
MMR vaccine - ဝက်သက်၊ ဂျိုက်သိုး၊ ပချိုတ်ရောင်ရောဂါကာကွယ်ဆေး။
Meningitis C vaccine
Meningitis W vaccine
Haemophilus influenza vaccine
Pneumococcal vaccine

Credit : NHS choices

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18