Print

ဆီးချိုသွေးချိုရှိသူများ ခြေထောက်အနာမဖြစ်စေရန် ကာကွယ်ရအောင်

  25-Mar-2020
Preview Image

ဆီးချိုသွေးချိုရောဂါရှိသူတွေရဲ့ ခြေထောက်မှာ ပိုးဝင်နိုင်ခြေများပြီး အနာဖြစ်နိုင်ခြေလည်း များတာကြောင့် အောက်ပါသဘာဝနည်းလမ်းတွေနဲ့ ကာကွယ်နိုင်အောင် ရေးသားလိုက်ပါတယ်။

၁။ နေ့စဉ်စစ်ဆေးပါ

ဆီးချိုသွေးချိုရှိသူတွေနဲ့ ညအိပ်ရာမဝင်ခင် ခြေထောက်မှာ အရည်ဖု၊ အနာ၊ ပြတ်ရှဒဏ်ရာ ကုတ်ခြစ်မိရာနဲ့ ထိခိုက်ဒဏ်ရာတွေ ရှိ၊ မရှိ သေချာစွာ စစ်ဆေးဖို့လိုပါတယ်။

၂။ ခြေဆေးသန့်စင်ပြီး ခြောက်သွေ့အောင်သုတ်ပါ

ဆီးချိုသွေးချိုရှိသူတွေရဲ့ ခြေထောက်ကို ပိုးဝင်ကူးစက်မှုမရှိအောင် ပုံမှန်ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။

၃။ ဖိနပ်ကိုသေချာစွာ ရွေးချယ်ဝယ်ယူပါ

ဆီးချိုသွေးချိုရှိပါက ဖိနပ်ဝယ်ယူရာမှာ ဂရုတစိုက် ရွေးချယ်ဖို့ လိုပါတယ်။ မကျပ်လွန်း၊ မချောင်လွန်းတဲ့ ဖိနပ်ဖြစ်ရမယ်။

၄။ ဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးမှုခံယူပါ

ဆရာဝန်က ခြေထောက် အရေပြားပြောင်းလဲမှု ရှိ၊ မရှိကို လေ့လာပြီး ပိုးဝင်ကူးစက်မှု ရှိ၊ မရှိကို စစ်ဆေးပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိူသွေးချိုရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး စစ်ဆေမှုခံယုဖို့ လိုပါတယ်။

၅။ အစိုဓာတ်ထိန်းပေးပါ

ခြောက်သွေ့နေတဲ့ ခြေဖဝါးက ကွဲအက်လွယ်စေတာကြောင့် အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။

၆။ လမ်းလျှောက်ပါ

ခြေထောက်က ကြွက်သားတွေနဲ့ တခြားကြွက်သားတွေ သန်မာစေဖို့ နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ နေ့စဉ်ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါက အရွတ်တွေ၊ တွယ်ဆက်တစ်သျှူးတွေကို ပျော့ပျောင်းစေပြီး
ခြေထောက်ကြွက်သားတွေ ကို သန်မာစေပါတယ်။

၇။ ဗီတာမင် ဘီအုပ်စု သောက်သုံးပါ

ဆီးချိုသွေးချိုရှိသူတွေမှာ ဗီတာမင် B12 ချို့တဲ့ပါက အာရုံကြောရောဂါတွေ သွေးအားနည်းတာ၊ သက်ကြီးသတိမေ့တာနဲ့ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတာ စတာတွေကို ဖြစ်စေပါတယ်။

Credit : အလင်း (ဆေးဝါး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18