Print

ကလေးများတွင် ဘာကာကွယ်ဆေးတွေ ထိုးရန်လိုအပ်ပါသလဲ။

  22-Mar-2020
Preview Image

တီဘီကာကွယ်ဆေးနှင့် အသည်းရောင်ဘီရောဂါ ကာကွယ်ဆေး မွေးမွေးချင်း ထိုးရန်လိုပါသည်။ ကျန်းမာရေး ဦးစီးဌာနကတော့ အသက်တစ်လခွဲ၊ နှစ်လခွဲနှင့် သုံးလခွဲတို့တွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် သုံးမျိုးပေါင်း အသားဆေးတစ်လုံးကို
ပေါင်တွင် တစ်ကြိမ်စီထိုးပြီး ပါးစပ်ကတော့ ပိုလီယိုကာကွယ်ဆေး အစက်သုံးစက် သုံးကြိမ် ချရပါလိမ့်မည်။

အကြောင်းကြောင်းကြောင့် (ဥပမာ၊ ခရီးသွားနေခြင်း) နောက်ကျခဲ့ပါကလည်း စထိုး၊ စတိုက်နိုင်သည့် အချိန်မှစ၍ တစ်လခြားသုံးကြိမ် ပြန်စနိုင်ပါတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် နောက်ကျသွားပါကလည်း နှစ်လထက် ပို၍မခြားသင့်ပါ။ အချို့ကလေးများ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ထိုးပြီးလျှင် အနည်းငယ် ဖျားတတ်ပါသည်။ ပါရစီတမော အစရှိသည့် ဆေးများကို ဆရာမများက တစ်ခါတည်း ပေးသွားလေ့ ရှိပါသည်။ ဆေးများကို မကြောက်ပါနဲ့။ နောက်တစ်ကြိမ်တွင်လည်း ဆေးဆက်ထိုးပြီး ပါရာစီတမော သောက်ထားနိုင်ပါသည်။ ရှားရှားပါးပါး ဆေးထိုးပြီးလျှင် တက်တတ်သော ကလေးအချို့ရှိပါသည်။ ထိုကလေးများအတွက်တော့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ဆက်ထိုးသင့်၊ မထိုးသင့် ဆရာဝန်နှင့် တိုင်ပင်ပါ။ အဖျားကြီး၍ တက်ခြင်းဖြစ်ပါက နောက်တစ်ကြိမ်ဆေးကို ဆရာဝန်က မထိုးရန် ညွှန်ကြားတတ်ပါသည်။ ပတ်ဝန်းကျင်မှာ အကြံမတောင်းပါနှင့်။ ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

Credit : ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18